address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 16, 2014

DKBA ဦးစီးချုပ်၏ ကျန်းမာရေးအား ရည်ရွယ်ပြီး တပ်တွင်း ဆုတောင်းပွဲ ကျင်းပ




16.1.2014

ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန် လာစေရန် ရည် ရွယ်ပြီး ၄င်းတို့၏ တပ်တွင်း စခန်းအားလုံးတွင် လာမည့်ဒီဇင်ဘာ (၃၁) ရက်နေ့၌ နှစ်သစ်နှင့် အတူဘာ သာစုံဆုတောင်း ပွဲများ ကျင်းပ သွားမည် ဟုပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ထွန်းထွန်း ကဆိုပါသည်။

“ဟုတ်ပါတယ်။ အထူးသဖြင့် တပ်ဖွဲ့ စခန်းတိုင်းကနေ ဒေသ ခံပြည်သူတွေ ကိုဖိတ်ပြီးတော့ ကျင်းပ သွားမှာပါ။ လောလော ဆယ်တော့ အသေးစိပ် အစီစဉ်မသိ ရ သေးဘူး။ ကျနော်တို့ နယ်ထဲမှာတော့ ဗုဒ္ဒဘာသာ နဲ့ ခရစ်ယာန် ကအများ စုရှိပါ တယ်။ ပြီးတော့ တခြားနတ်ကိုး ကွယ်မှု ဘာသာတွေ လည်း ရှိတတ်တော့ ဘယ် လိုပွဲမျိုး ဖြစ်လာမယ် ဆိုတာ အခု ပြောရ တာစောလွန်း ပါသေးတယ်” ဟုဆိုပါသည်။

ဗိုလ်ချုပ် စောလားဖွယ် သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃)ရက်နေ့ ကတည်းက အရေးပေါ်ဆေးရုံတင် ထားရခြင်း ဖြစ်ပါသည်။ ၄င်းသည် ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ ပင်လုံဆေးရုံ တွင် ကင်ဆာအ ကျိတ်ရောဂါ ဖြင့် တက်ရောက် ကုသနေခြင်း ဖြစ် ပါသည်။

ဦးစီးချုပ်၏ ကျန်းမာရေး အခြေအနေ သည် စင်ကာပူ (သို့မဟုတ်) ဂျပန်နိုင်ငံတွင် သွားရောက် ကုသကြ မည်ဟုဆိုပါ သည်။ ဦးစီးချုပ် ၏ ကျန်းမာရေး အခြေ အနေကို ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ကိုယ်တိုင် ကြီးကြပ် ဆောင် ရွက် နေပါသည်။ ဤသို့ကြောင့် စခန်းတိုင်း မှဒီကေဘီအေ တပ်ဖွဲ့များ လည်း ဦးစီးချုပ် ကျန်းမာရေး ကောင်မွန် လာစေရန် မိမိတို့ ကိုးကွယ်ကြသော ဘာသာပေါင်းစုံ ဖြင့်ဆုတောင်း ကြခြင်းဖြစ် သည်ဟုဆို ပါသည်။

နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားဖွယ်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) တပ်ရင်း(၁၆) မှရင်းတပ်ခွဲ မှူး၊ဖြစ်ခဲ့ပါ သည်။ ထိုအချိန်က တပ်ရင်း (၁၆) မှူးသည် ယခုတပ် မဟာ (၆) ဗျူဟာမှူး ဟောင်း ဗိုလ်မှူးကြီး ဂျိုးစွာ ဖြစ်ပြီး ၄င်း၏ ဒုရင်းမှူးသည် ယခု တပ်မဟာ (၆)မှူး ဗိုလ်မှူးချုပ် တင် လှိုင်ဖြစ် ပါသည်။

၎င်းသည်၂၀၀၅ခုနှစ်တွင် ဒီကေဘီအေ တပ်ဖွဲ့မှ တပ်မဟာ (၆) တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ပါသည်။ ထိုကမ်း လှမ်းမှုကို တပ်မဟာ (၆)မှ လက်ခံသဖြင့် သွားရောက် ဆွေးနွေးရန် စေလွှတ်သည့် အဖွဲ့ထဲတွင် ဗိုလ်ကြီး နှုတ်ခမ်းမွှေးခေါ် စောလားဖွယ် တယောက်လည်း ပါသွားခဲ့ရာမှ ဒီကေဘီအေ လှည့် ကွက်ကြောင့်ဖမ်း ဆီးခြင်းကို ခံခဲ့ရပါသည်။ ထိုအချိန် မှစပြီး စောလားဖွယ် သည် မိခင် KNU တပ်ဖွဲ့သို့ မပြန်တော့ ဘဲ DKBA တပ်ဖွဲ့ထဲတွင် တာဝန် ထမ်းဆောင် ခဲ့ ပါသည်။

၂၀၁၀ခုနှစ် ဒီဇင်ဘာလ တွင် အစိုးရ၏ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံ သဖြင့် စောလားဖွယ် ဦးဆောင်သော DKBA တပ်ဖွဲ့များ သည် အစိုးရ၏ ထိမ်း ချုပ်မှုမှ ခွဲထွက်ကာ မြ၀တီမြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်ခဲ့ ပါသည်။ ဤကဲ့သို့ တနှစ်ခန့် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြပြီး ၂၀၁၂ခုနှစ် ဆန်းပိုင်းတွင် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်း ချက်ကို လက်ခံပြီး လက်မှတ်ရေး ထိုးခဲ့ပါသည်။

ထိုအချိန် မှစပြီး ဗိုလ်ချုပ် စောလားဖွယ် ဦးဆောင်သော DKBA အဖွဲ့သည် ယနေ့အထိ သီးခြား ရပ်တည် လာခဲ့ပေသည်။ ၄င်းသည်KNU မှခွဲ ထွက်ခဲ့ သည် မ ဟုတ်သောကြောင့် KNU ၏ လမ်းစဉ်၊ စောဘဦးကြီး ၏ မူအတိုင်း လျှောက် လှမ်းနေဆဲဖြစ် ကြောင်းဆိုပါသည်။ 

ဤသို့သော ခေါင်းဆောင်မှု ကိုထောက် ခံကြသော ဘာသာပေါင်းစုံ တပ်ဖွဲ့ဝင် များသည် ၄င်းတို့ ဦးစီးချုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန် လာစေရေး အား ရည်ရွယ်ပြီး လာမည့် ဒီဇင်ဘာ (၃၁) ရက်နေ့ တွင် နှစ်သစ်ကူးနှင့် အတူ ဆုမွန်ကောင်း တောင်းကြ မည်ဖြစ်ပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment