address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 8, 2014

မြစ်ကြီးနားတွင် EITI ပထမဆုံး အလုပ်ရုံး ဆွေးနွေးပွဲ ပြုလုပ်

လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ ရွေးချယ် ရာတွင် ကချင်ပြည်နယ်မှ လူမှုအဖွဲ့အစည်းများမှလည်း ပါဝင်နိုင်ရန် ကချင်ပြည်နယ်ကို ကိုယ်စားပြုသော
EITI ဆိုင်ရာ ကိုယ်စားလှယ် ရွေးချယ်နိုင်ရန် ဇန်န၀ါရီလ ၈ ရက်နေ့မှစပြီး မြစ်ကြီးနားတွင် EITI ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျှက်ရှိသည်။

ကချင်ပြည်နယ်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများမှ ပြုလုပ်ကျင်းပ ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ သီသာရပ်ကွက်ရှိ အင်္ဂလီကန်ခန်းမဆောင်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ၈ ရက်နှင့် ၉ ရက် ( ၂ )ရက်သာ ကျင်းပသွားမည်ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံတော်မှအစိုးရ အနေနှင့် သဘာဝ သံယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဆောင်ရွက်မှု (EITI) အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်မြောက်ရန် လုပ်ဆောင်နေ သည့် အချိန်လည်းဖြစ်သည်။ ထိုသို့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် အစိုးရ၊ ကုမ္ပဏီ နှင့် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုသော ညွန့်ပေါင်းအဖွဲ့ (Multi stateholder Group- MSG) တစ်ဖွဲ့ လိုအပ်သည်။

ထိုကြောင့် ထိုညွန့်ပေါင်းအဖွဲ့တွင် လူမှုအဖွဲ့လအစည်းများဘက်မှ ပါဝင်နိုင် ရန် ၊ EITI အကြောင်းအရာများ ပိုမိုလေ့လာသိရှိစေရန် နှင့် ၎င်း နှင့် သက် ဆိုင်သော လုပ်ဆောင်သင့် သော လုပ်ငန်းများ ဆက်လက် အကောင် အထည်ဖော် ဆောင် ရွက်သွားရန် ယခုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ပွဲ စီစဉ်သူ တစ်ဦးမှဆိုသည်။ကချင်ပြည်နယ်တွင် ပထမဆုံး ပြုလုပ်သော EITI ဆွေးနွေးပွဲ လည်းဖြစ်သည်။

Kachinwave News

No comments:

Post a Comment