address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 1, 2014

ကရင်နှစ်သစ်ကူး ပွဲတော် စတင်ဖွင့်လှစ်

ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ရိုးရာဒုံးအကပြိုင်ပွဲကို ယနေ့ညတွင် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မြိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အခြေစိုက် အဆင့်မြှင့်လက်ရွှေးစင်ဒုံး အဖွဲ့ ၁၂ ဖွဲ့က စတင် ယှဉ်ပြိုင် လျှက်ရှိသည်။
ဒုံးအကပြိုင်ပွဲကို ကရင်လက်နက်ကိုင် အဖွဲ့အစည်း များ၏ ခေါင်းဆောင်များက တက်ရောက် ဖွင့်လှစ်
ပေးခြင်းဖြစ်ပြီး ပရိသတ် နှစ်ထောင်ကျော် တက်ရောက် အားပေးခဲ့ကြသည်။


အဖွင့်အမှာစကားပြောကြားခဲ့သည့် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးချုပ်
စောချစ်သူက အခြေအနေ အရပ်ရပ်ကြောင့် ကရင်အမျိုးသားများ မည်သည့် အနေ အထားကို ရောက်ရှိနေ သည်ဖြစ်စေ အမျိုးသားရေးနှင့် ရည်မှန်းချက်များကို ဥပက္ခာပြုမည်မဟုတ်ဘဲ ပန်းတိုင်အရောက်သွားမည့် ဂတိသစ္စာ ကို ပေးအပ်သည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးနှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုတို့က အမျိုးသားရေးဆိုင်ရာ အမှာစကားများပြော ကြားခဲ့ကြသည်။

ဖွင့်ပွဲတွင်မီးရှုးမီးပန်းများပစ်ဖောက်ခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် စာလုံးများကိုလည်း မီးပန်းများ အသုံးပြု ကာ သရုပ်ဖော်ပြသခဲ့သည်။

ယနေ့ညမှစတင်ကာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့များ လာမည့်ဇန်န၀ါရီလ(၁)ရက်အထိ အလှည့်ကျယှဉ်ပြိုင်သွား ကြမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပြီး ကရင်ပြည်နယ် ၅ မြို့နယ် စုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ကို မြ၀တီရှိရွှေကုက္ကိုလ်တွင် ယနေ့ညမှ စတင်ကာ ကျင်းပပြု လုပ်ခြင်းဖြစ်သည်။
 ___ မန်းမျိုးမြင့်++ကယန်းသတင်းစဉ်++

No comments:

Post a Comment