address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 6, 2014

KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

သမ္မတနှင့် KNU တို့တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားများ၏ ဒုတိယအကြိမ်ညီလာခံဖြစ်သော ဇန်နဝါရီလ ၂၀ရက်တွင် ပြုလုပ်မည့် ဘားအံညီလာခံ အကြောင်း အပါအဝင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးရေး ကိစ္စရပ်များကိုပါ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။

KNUအဖွဲ့သည် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

သမ္မတနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်ရီနှင့် ဦးစိုးသိန်းတို့လည်း ပါဝင်သည်။

Mizzima

No comments:

Post a Comment