address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 16, 2014

UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ




16.1.2014

ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆)မြို့နယ် ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာစတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ပါတယ်။နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှထွက်မလာခဲ့ပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့သင့်၊မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆိုထားတဲ့ နေရာဒေသ တွေမှာ နေထိုင်တဲ့လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါတယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေးဝါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့်လက်နက်တွေ၊ လေယာဉ်ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူးယစ်ဆေးဝါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတရုတ်ရဲ့မူဝါဒဖြစ်ပါတယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွားဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည်ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယောင်ဆောင်နေတာဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်းသာကြွယ်ဝနေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေခံနေကြရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသား တွေမကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေးအမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာလည်နေတော့မှာဖြစ်ပါကြောင်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ
မြန်မာပြည်သား

No comments:

Post a Comment