address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 15, 2013

သယံဇာတ ခွဲဝေ အသုံးပြုရန် ဖိလစ်ပိုင် အစိုးရနှင့် မွတ်ဆလင် သူပုန် သဘောတူ

15.7.2013

မင်ဒါနာအို ဒေသရှိ မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတွင်း သယံဇာတနှင့် ဒေသ အခွန် ဝင်ငွေများ ခွဲဝေ အသုံးပြုရန် ဖိလစ်ပိုင် အစိုးရနှင့် မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦး (MILF) တို့ သဘော တူညီလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အစိုးရနှင့် မွတ်ဆလင် သူပုန်များကြား အရေးကြီးသော သဘောထား ကွဲလွဲမှုများကို တနင်္ဂနွေနေ့၌ ဖြေရှင်းနိုင်လိုက်သဖြင့် နှစ်ပေါင်း ၃၀ ကျော် ဖြစ်ပွားနေသော လက်နက် ကိုင်တော်လှန်မှု အဆုံးသတ်ရေး နီးကပ်လာပြီ ဖြစ်သည်။

ခြောက်ရက်ကြာ ဆွေးနွေးပြီးနောက် မွတ်ဆလင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသမှ ရရှိမည့် အခွန် ဝင်ငွေ များကို သူပုန်များနှင့် ခွဲဝေ အသုံးပြုရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးအဖွဲ့က ဥစ္စာဓန ခွဲဝေ အသုံးပြုရေး ဖြည့်စွက်ချက်ကို ဒီ ည ၁၀ နာရီခွဲမှာ အပြီး သတ်ခဲ့ တယ်”ဟု ဖိလစ်ပိုင် အစိုးရ စေ့စပ် ညှိနှိုင်ရေးမှူးများက တွစ်တာတွင် ရေးသားခဲ့သည်။

ယင်းကဲ့သို့ သဘော တူညီလိုက်ခြင်းဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်းရှိ သယံဇာတများ၊ အခွန်ဝင်ငွေများ ခွဲဝေ အသုံးပြုရေး လမ်းပွင့်သွားမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မလေးရှားနိုင်ငံ၌ ကျင်းပနေခြင်းဖြစ်ပြီး သဘောတူ စာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးရန် လိုအပ်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ဒေသတွင် မွတ်ဆလင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့ စည်းနိုင်ရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင်း သီးခြား မွတ်ဆလင်ပြည်နယ်တည်ထောင်နိုင်ရေးအတွက် မော်ရိုအစ္စလာမ္မစ်  လွတ်မြောက်ရေး တပ်ဦး (MILF) က ၁၉၇၀ ပြည့်လွန်နှစ်များမှ စ၍ လက်နက်ကိုင် တော် လှန် ခဲ့ပြီး စစ်ပွဲများကြောင့် လူပေါင်း ၁၅၀,၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။

ဖိလစ်ပိုင်သမ္မတ အကွီနိုနှင့် မော်ရို လက်နက်ကိုင် အဖွဲ့ကြား အကြို ငြိမ်းချမ်းရေး သဘော တူညီချက် ကို အောက်တိုဘာလတွင်း လက်မှတ် ရေးထိုးခဲ့ပြီး ပိုမို ကျယ်ပြန့်သည့် သဘော တူညီချက်ကို ၂၀၁၆ ခုနှစ် အကွီနို သမ္မတ ရာထူးသက်တမ်း မကုန်ဆုံးခင် ရရှိအောင်လုပ်ဆောင်  မည် ဖြစ်သည်။

ဥစ္စာဓန ခွဲဝေ အသုံးပြုရေး သဘောတူညီချက် ရရှိသွားပါ နိုင်ငံရေးအာဏာ မည်ကဲ့သို့ ခွဲဝေ မည်ကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မွတ်ဆလင် သူပုန်များကို လက် နက် ဖြုတ်သိမ်းရေး ဆွေး နွေးမည်ဟု သတင်းတွင် ဖော်ပြထားသည်။
  
 

No comments:

Post a Comment