address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 5, 2013

" အမေရိကန်၏ အထူးကုန်သွယ်မှုကင်းလွတ်ခွင့် မြန်မာသို့ ပေးနိုင်ရေး စီးပွားရေးဆိုင်ရာ အချက်အလက်များ တောင်းခံနေ "


5.12.2013

နှစ်ပေါင်း ၂၅ နှစ်ကြာရုပ်သိမ်းခဲ့သော အမေရိကန်၏ အထူးကုန်သွယ်မှု ကင်းလွတ်မှုအခွင့်အရေးကို အမေရိကန်မှ မြန်မာ သို့ ပြန်ပေးရန်အတွက် မြန်မာ၏ စီးပွားရေး ဆိုင်ရာ အချက်အ လက်များလစဉ် တောင်းခံမှုရှိနေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနညွှန်ချုပ် ဦးတိုးအောင်မြင့်က ပြောသည်။

EU က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းနှင့် ကုန်သွယ်မှု အခွင့် အရေးပေးပြီးနောက်ပိုင်း အမေရိကန်ဘက်ကပါ ယင်းတို့ ကဲ့သို့ ပြန်လည်ပေးအပ် သွားရန် အမေရိကန်လွှတ်တော်တွင် ယခု နှစ်ဆန်းပိုင်းကစ၍ ဆွေးနွေးမှုပြုလုပ်ခဲ့ သည်ဟု ၄င်းကဆိုသည်။ ယင်းနောက် အမေရိကန်ဘက်မှ တုံ့ပြန်လာသော အချက် အလက် များတောင်းခံလာသည့် ကိစ္စရပ်များလည်း စိပ်လာသည်ဟု ဦးတိုးအောင်မြင့် က ဆက်ပြောသည်။

”အမေရိကန်ဘက်က ပိတ်ဆို့မှုတိုင်းကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး လုပ်ထား တယ်။ ပြန်ဖွင့်မယ်ဆိုရင်တောင် အချိန်စောင့်ရမယ်။ ဒါက သူတို့အပိုင်း။ ကျွန်တော် တို့ အပိုင်းကျတော့ သူတို့နဲ့ပူးပေါင်းဖို့နဲ့ မြန်မြန်ရဖို့လုပ်ရတာပေါ့” ဟု ဦးတိုး အောင်မြင့်က ထပ်လောင်းဆိုသည်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင် စီးပွား/ကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် အရပ်ဘက်စီးပွားရေးလုပ်ငန်းအဖွဲ့သည် အမေရိကန် နယူး ယောက်ရှိ ကွန်ဂရက်သို့ ပထမအကြိမ် သွားရောက်ကာGSP ရရန် ကြားနာမှု ပြုလုပ်ခဲ့ရကြောင်း လိုက်ပါသွားသူ UMFCCI မှ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ဘက်က စီးပွား/ကူးသန်း၊ စီမံ/စီးပွား၊ ဘဏ္ဍာ ရေးဝန်ကြီးဌာနစသော စီးပွားရေးဆိုင်ရာဌာနများမှ အပါအဝင် နိုင်ငံတော် သမ္မတရုံးတို့နှင့် နီးကပ်စွာဆက်ဆံမှု ရှိနေကြောင်း စီးပွား/ကူးသန်းတာဝန်ရှိ သူများ ထံမှ သိရသည်။

အမေရိကန်၏ GSP ရရှိပါက မြန်မာ့စီးပွားရေးအခြေအနေအပေါ် အကျိုးရှိလာနိုင်မည့်အပြင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုဘက်တွင်လည်းပိုတိုး လာနိုင်ကြောင်း ကုန် သည်/စက်မှု အသင်းချုပ်မှ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment