19.12.2013
ရှမ်းလူမျိုးများကို ကေအိုင်အေက ဖမ်းဆီးထားသည်ဟူသောကိစ္စနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၂၀ ရက်တွင် ဆန္ဒထုတ်ဖော်ရန် လျှောက်ထားမှုကို ရက်ရွှေ့ဆိုင်းရန် သက်ဆိုင်ရာက အကြောင်းပြန်ထားသော်လည်း မူလစီစဉ်သည့်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ရှမ်းရေးရာအဖွဲ့(ကချင်ပြည်နယ်) ဒုတိယခေါင်း ဆောင် ဦးစိုင်းဆန်းဝေက မဇ္ဈိမကို ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုပြောဆိုသည်။
ရှမ်းလူမျိုးများကို ကေအိုင်အေက ဖမ်းဆီးထားသည်ဟူသောကိစ္စနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၂၀ ရက်တွင် ဆန္ဒထုတ်ဖော်ရန် လျှောက်ထားမှုကို ရက်ရွှေ့ဆိုင်းရန် သက်ဆိုင်ရာက အကြောင်းပြန်ထားသော်လည်း မူလစီစဉ်သည့်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ရှမ်းရေးရာအဖွဲ့(ကချင်ပြည်နယ်) ဒုတိယခေါင်း ဆောင် ဦးစိုင်းဆန်းဝေက မဇ္ဈိမကို ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုပြောဆိုသည်။
“ဒီဇင်ဘာ ၂၀မှာ ဆန္ဒဖော်ထုတ်ဖို့ဆိုတာ သေချာသွားပြီ။ လူတွေအားလုံးက ဒီနေ့မှာ ဆန္ဒပြဖို့အ တွက် ပြင်ဆင်ညှိနှိုင်းပြီးသွားပြီ။ အစိုးရဘက်ကတော့ ခွင့်ပြုပြီးသွားပြီးမှ၂၃ ရက်ကို ဆိုင်းပေးပါဆိုပေမယ့် အား လုံးက အဆင်သင့်ဖြစ်နေပြီဖြစ်လို့ ဒီရက်ကိုပဲပြမယ်လို့ သဘောတူထားကြတယ်။ အားလုံးက အဲဒီနေ့မှာ တက်လာကြမှာ”ဟု ၎င်းက ဆိုသည်။
မိုးကောင်း၊ မိုးညှင်း၊ ၀ိုင်းမော်၊ မြစ်ကြီးနားနှင့် ဗန်းမော်ရှိ ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်လေ၊ တိုင်မောင် ရှမ်းနီလူမျိုးစုများပါဝင်သည့် အင်အားလေးသောင်းခန့်က မြစ်ကြီးနားရှိ ကချင်ပြည်နယ် အစိုးရအ ဖွဲ့ရုံးနှင့် ကေ အိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ရုံးရှေ့သို့ စောဂျွန်လမ်းမှ တစ်ဆင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ ရွာများမှ ရှမ်းနီနှင့် ကချင်လူမျိုး ၇၀ ခန့်ကို ကေအိုင်အေက ဖမ်း ဆီးထားသည်ဟု တိုင်းလိုင်ရှမ်းနီပါတီက ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော် ပြောဆိုထားသည်။
ယင်းကို ကေအိုင်အေက ငြင်းဆိုခဲ့သည်။ ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအ ထောက် ကူပြုအဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ဒီဇင်ဘာ ၅ ရက်တွင် ခေါ်ဆောင်ခဲ့သည့် ကျေးရွာသား ၂၁ ဦး ကို ၎င်းတို့ဆန္ဒအရ ဆက်လက် တာဝန်ထမ်းလိုသူ လေးဦးမှအပ ကျန်သူအားလုံး ဒီဇင်ဘာ ၁၀ ရက်က တည်းက လွှတ်ပေးခဲ့ပြီးဖြစ်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မဇ္ဈိမကို ပြောသည်။
ထို့ပြင် ယင်းသို့ ဖမ်းဆီးခြင်းများ မပြုလုပ်ရန် အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များကို အေအိုင်အေဗဟို မှ ညွှန်ကြားထားပြီးဖြစ်ကာ ဖမ်းဆီးခံထားရသည်များကို ထပ်မံ အကြောင်းကြားလာပါကလည်း စိစစ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယင်းနှင့်ပတ်သက်၍ ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်)ကလည်း နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်း ကော်မတီတို့ကို ဒီဇင်ဘာ ၉ ရက်တွင် စာပို့အကြောင်းကြားထားသည်။
Mizzima - News in Burmese
No comments:
Post a Comment