address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 3, 2013

ဒိုင်းမွန်းစင်တာကားပါကင်၌ ချိန်ကိုက်ဗုံးဟုထင်ယောင်ထင်မှားဖြစ်ဖွယ်အရာဝတ္ထုတစ်ခုတွေ့ရှိ



3.12.2013

မန္တလေးမြို့ (၇၈)လမ်းပေါ်ရှိ ဒိုင်းမွန်းစင်တာ၏ မြေညီထပ်ကား ပါကင်တွင် ချိန်ကိုက်ဗုံးဟု ယူဆ ရသော နှစ်ဖက်ပိတ်သတ္တုလုံးနှင့် ပူးတွဲလျက်ရှိသည့်ဒစ်ဂျစ်တယ်နာရီ တစ်လုံးကို ယနေ့ည ၇ နာရီခွဲခန့် တွင်တွေ့ရှိခဲ့ကာ တစ်နာရီခွဲခန့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာကချိန်ကိုက်ဗုံးမဟုတ် ကြောင်း အတည်ပြုခဲ့သည်။


''ပြည်သူလူထုကို ချိန်ကိုက် ဗုံးလို့ ထင်ယောင်ထင်မှားဖြစ်ပေါ် အောင် လုပ်ဆောင်ခြင်းလို့ပဲမြင် တယ်။ အရှည် သုံးလက်မ၊ အချင်း တစ်လက်မခွဲခန့်နဲ့ ထိပ်မှာထိပ်ဖူး လေးနှစ်ခုပါတဲ့ နှစ်ဖက်ပိတ်သတ္တု လုံးတစ်ခုနဲ့ ကားတွေမှာအသုံးပြုတဲ့ ဒစ်ဂျစ်တယ်နာရီကို တိပ်နဲ့ပူးကပ် ထားတာကို မသင်္ကာဖွယ်တွေ့ရ တယ်''ဟု ဒုရဲမှူးကြီးဇော်မင်းဦး ကပြောသည်။

ချိန်ကိုက်ဗုံးဟု ယူဆရသော အရာဝတ္ထုကို တပ်မ(၉၁ဝ)မှ စစ် ဆေးလျက်ရှိပြီး ဗုံးဟုတ် မဟုတ် အတည်မပြုရသေးကြောင်း သိရ သည်။

မန္တလေးမြို့တွင် ပထမအကြိမ် ဗုံးဟု ထင်ယောင်ထင်မှားဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို ၆၂ လမ်း၊ ၉၂ x၃ဝ ကြားတွင်တွေ့ရှိခဲ့ပြီး မန္တလေး မြို့ဈေးချိုတွင် ဒုတိယအကြိမ် တွေ့ရှိခဲ့သည်။ ယခုတစ်ကြိမ်မှာ တတိယအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ် သည်။

The Union Daily

No comments:

Post a Comment