address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 25, 2013

ယခင်နှင့်မတူ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်မည်


25.12.2013

ယခင်နှစ်နှင့်မတူ မြန်မာ့ ရုပ်ရှင်လောက၌ ထူးချွန်သည့် သရုပ်ဆောင်များကို မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေး အပ်ရာတွင်ဆုတံဆိပ် ၁၂ဆု ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရသည်။''ထူးချွန် ဆု ၁၁ ဆု အပြင် အထူးဆုတစ်ခုကိုပါ ထည့်ထားတယ် လို့တော့ ဆရာလဲသိရတယ်။ သေ သေချာချာတော့မသိသေး ဘူး။ အဲဒီ မတိုင်မီမှသိရမယ်။ အရင်နှစ်တွေ ထက်တော့ ပိုကောင်းမယ်။ တူလဲ မတူဘူးပေါ့။ စင်တွေဆောက် တာ ကမှအစ ဖျော်ဖြေရေးပိုင်းတွေလဲသေချာလုပ်ထားတယ်လို့တော့ ပြောတယ်''ဟု အ ကယ်ဒမီဘုတ် အဖွဲ့ဝင် ဝါရင့်ထပ်ဆင့် အကယ်ဒမီ ဦးကြည်စိုးထွန်းက ပြောသည်။


အကယ်ဒမီပွဲလက်မှတ်များ ကို အနုပညာလောကမှ အနုပညာ ရှင်များအပြင် ပြင်ပမှပရိသတ်များ လည်း တက်ရောက်အားပေးနိုင် ရန် အကယ်ဒမီပေးပွဲကျင်းပမည့် နေ့ နံနက်၈နာရီမှစ၍ သုဝဏ္ဏ အားကစား ရုံ(၁)တွင် ရောင်းချပေး သွားမည့်အပြင် ပရိသတ်များအလွယ် တကူဝယ်ယူရရှိစေရန် သမ္မတ၊ သွင်၊ ရှေ့ဆောင်၊ နေပြည်တော် ရုပ်ရှင်ရုံများတွင် သတ်မှတ်ထား သည့်ဈေးနှုန်းများအတိုင်း ဝယ်ယူ နိုင် သည် ဟု သိရသည်။

လက်မှတ်ဈေးနှုန်းများက ကျပ် ၅ဝဝဝ၊ ကျပ် ၁ဝဝဝဝနှင့် ကျပ် ၂ဝဝဝဝ အသီးသီး သတ်မှတ် ထားကြောင်း၊ ၂ဝ၁၂ အကယ်ဒမီ ထူးချွန်ဆု တံဆိပ်အတွက် ရွေး ချယ်ခြင်းခံရသည့် ရုပ်ရှင်ဇာတ် ကားများမှာ အမုန်း မီးတောက်၊ ဥ၊ လက်ပံ၊ မော်ကင်းဥဒါန်း၊ တိမ် မင်းသမီးရဲ့ ဒဏ္ဍာရီ၊ မွေခံထိုက်သူ ဖြစ်ပါစေနှင့် ကယန်း အလှတို့ဖြစ် ကြောင်းသိရသည်။

၂ဝ၁၂ခုနှစ်အတွက် သရုပ် ဆောင်ထူးချွန်သည့် သရုပ်ဆောင် များအတွက် ပေးအပ်မည့် မြန်မာ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ ကို ယခုလ ၂၉ရက် ညနေ ၃ နာရီ မှ ည ၈ နာရီအထိ သုဝဏ္ဏ မိုးလုံလေ လုံအားကစားခန်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

The Union Daily

No comments:

Post a Comment