address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 6, 2013

နေရပ်ပြန် မြန်မာများ မဲဆောက် အဝေးပြေး ကားဝင်းမှအထွက် ထိုင်းရဲကြေး ပေးဆောင်နေရ



6.12.2013

ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်း လုပ်သားများ၊ မဲဆောက်ကားကြီးဝင်းမှ အထွက်တွင် ထိုင်းပုလိပ်များ၏ ငွေညှစ်ခြင်းကို နေ့စဉ်ကြုံနေရကြောင်း နေရပ်ပြန်လာသူများ၏ ပြောပြချက်အရ သိရသည်။

''မဲဆောက် ကားကြီးဝင်းထဲကနေ သောင်ရင်းကမ်းနဖူးကို ခေါက်တိုလိုင်းကားနဲ့ လာရပါတယ်။ ကားဝင်းက ထွက်တဲ့ကွေ့မှာတင် ထိုင်းပုလိပ် သုံးလေးယောက်က နေရပ်ပြန်လာတဲ့ မြန်မာတွေကို စစ်ဆေးပါတယ်။ Work ပါမစ် ရက်လွန်တယ်ဆိုပြီး တစ်ယောက် ဘတ် ၁၀၀၀ တောင်းပါတယ်။ ကိုယ့်အိမ်ကို ပြန်ချင်ဇောကလည်း ရှိနေတော့ နောက်ဆုံးမှာ တစ်ယောက် ဘတ် ၆၀၀ စီ ပေးလိုက်ရပါတယ်'' ဟု ဒီဇင်ဘာ ၃ ရက်က မဟာချိုင်မှ ပြန်လာသူ ကိုစိုးခင်က ပြောပြသည်။

ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ မဲဆောက်မြို့သို့ မရောက်မီ စစ်ဆေးရေး ဂိတ်များတွင်လည်း ဘတ် ၁၀၀ /၂၀၀ ပေးခဲ့ရကြောင်း အလုပ်ခွင်၌သာ စစ်ဆေးလေ့ရှိသွေျှာသမု ပါမစ်ကို အကြောင်းပြုကာ မဲဆောက်ရဲများ ငွေညှစ်နေခြင်းသာ ဖြစ်ကြောင်း ကိုစိုးခင်က ဖြည့်စွက် ပြောကြားသည်။

ထို့အတူ သောင်ရင်းကမ်းစပ်တွင်လည်း မြန်မာအချင်းချင်း လှည့်စားခြင်းကိုလည်း ခံနေကြရသည်ဟု ဆိုသည်။ မြန်မာအမျိုးသား အချင်းချင်း၊ ညှာတာမှုကင်းစွာ သူတပါး၏ လုပ်အားခတွေကို လိမ်လည်လှည့်ဖြား ကုပ်သွေးစုပ် နေသူများ အရပ်အခေါ် ဗိုက်ဖောက် အဖွဲ့များက ယင်းကဲ့သို့  ဒုစရိုက်ဂိုဏ်းဆန်ဆန် လုပ်ဆောင် ကျက်စားနေမှုမှာ ယခုလို ပွင့်လင်းခရီးသွားရာသီ၊ ပွဲတော်ရာသီမှာ ပို၍များပြားနေသည်ဟု မြ၀တီမြို့ခံများက ပြောကြားသည်။

EMG

No comments:

Post a Comment