5.12.2013
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်း ကိုယ်စားလှယ်များ ဖွဲ့စည်းထားသည့် NCCT တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမစတင်မီ အမြင်ဖလှယ်သည့်အနေဖြင့် ဒီဇင်ဘာ ၁၅ ရက်တိုင်မီ အလွတ် သဘော တွေ့ ဆုံရန်ရှိကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆ လိုင်းလျှန်မုန်းကပြောသည်။ ''လုပ်ငန်းညှိနှိုင်းတဲ့သဘောတော့ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် အမြင်ဖလှယ်တဲ့ သဘောနဲ့တော့ တွေ့ဖို့ရှိတယ်''ဟု ဒေါက်တာ ဆလိုင်း လျှန်မုန်းက ပြောသည်။
ယင်းတွေ့ဆုံမှုအတွက် နေရာနှင့်အချိန်အား မဆုံးဖြတ်ရသေးကြောင်း တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၀ ရက်တွင်ပြုလုပ် မည့် ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် တွေ့ဆုံနိုင် မည်ဖြစ်ကြောင်း ယင်းကပြောဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ဒုတိယအကြိမ်ညီလာခံအား KNU နယ် မြေ လေးဝါးတွင် ပြုလုပ်ရန်ရှိပြီး ယင်းဆွေးနွေး ပွဲပြီးပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများ နှင့် အစိုးရတို့ဆွေးနွေးပွဲများအား ဘားအံ မြို့တွင် ဆက်လက်ဆွေးနွေးရန်ရှိပြီး ယင်းဆွေး နွေးပွဲများအား ဒီဇင်ဘာ တတိယပတ်အတွင်း ပြုလုပ်နိုင်ရန်ရှိကြောင်းဒေါက်တာဆလိုင်းလျှန် မုန်းကပြောသည်။
''အစိုးရဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းထား တာပါ။ ကျွန်တော်တို့ကလဲ တွေ့ဖို့အစီအစဉ်ရှိ ပါတယ်။ နေရာကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်''ဟု ယင်းကပြောသည်။ ချင်းမိုင် မြို့ တွင် ပြုလုပ်ခဲ့သည့် NCCT အစည်းအဝေးတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ လိုင်ဇာမြို့တွင် ကျင်းပခဲ့ သည့် တိုင်းရင်းသားညီလာခံမှ ချမှတ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံ သဘောတူ ညီချက် အခြေခံမူ (၁၀)ချက်အား အ စိုးရနှင့် ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''လိုင်ဇာသဘောတူညီချက်ကို အကောင်အ ထည်ဖော်ဖို့နဲ့ နှစ်ဖက်ဆွေးနွေးနိုင်အောင် စကား လုံးရွေးချယ်တာကအစ ဆွေးနွေးခဲ့ပါတယ်။ ပြီး တော့ ကိုယ့်အဖွဲ့အစည်းတွေကို ပြန်တင်ပြမယ်။ အကြံပြုချက်တွေနဲ့ လိုင်ဇာသဘောတူညီချက်ပြီး ပြည့်စုံရေးကို NCCT အနေနဲ့ ဆက်လက် ဆွေး နွေးသွားမယ်''ဟု ယင်းက ဆက်လက်ပြောဆိုသည်။
Yangon Media Group

No comments:
Post a Comment