21.12.2013
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သည် ထိုင်းနိုင်ငံ Immigration Bureau Commisioner General Phamu Kerdlapphon နှင့် တွေ့ဆုံ၍ ဆွေးနွေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သည် ထိုင်းနိုင်ငံ Immigration Bureau Commisioner General Phamu Kerdlapphon နှင့် တွေ့ဆုံ၍ ဆွေးနွေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြန်မာ သံအမတ်ကြီး က မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား ထိုင်း အာဏာပိုင် များက ဖမ်းဆီးခြင်း မပြုရေး၊ ၄င်းတို့အား မှီခို နေထိုင်သည့် ကလေးများကို ဗီဇာ ထုတ်ပေးရေး နှင့် ဗီဇာကြေး ကို ပိုမို ကောက်ခံခြင်း မပြုဘဲ ဘတ် ၅ဝဝ သာ ကောက်ခံရေး တို့နှင့် စပ်လျဉ်း၍ မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆွေးနွေးချက် အရ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များ၏ မှီခိုသူ ကလေး များအား ဗီဇာ ထုတ်ပေးရေး ညွှန်ကြားချက် ရရှိထားပြီး ဖြစ်သဖြင့် ထိုင်းနိုင်ငံဘက် အနေဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ၊ ဗီဇာကြေးကို လည်း ဘတ် ၅ဝဝ သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံ ၏ တည်ဆဲ ဥပဒေ များအရ အထောက် အထားမရှိ သူများအား ရံဖန်ရံခါ ဖမ်းဆီးမှုများ ရှိသော်လည်း မြန်မာ နိုင်ငံဘက်မှ မေတ္တာ ရပ်ခံချက် အရ အလုပ် လုပ်ကိုင်ခွင့် သက်တမ်း လေးနှစ် ပြည့်ပြီးသူများ ကို ရက်ပေါင်း ၁၈ဝ အတွင်း မဖမ်းဆီးရေး အထူး အခွင့်အရေး တစ်ရပ်အဖြစ် ချမှတ် ဆောင်ရွက်ရန် ထိုင်းအစိုးရ အဖွဲ့က ဆုံးဖြတ်ချက် ချမှတ်ရန် ထိုင်း အလုပ်သမား ဝန်ကြီးဌာန က စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံး အပါအ၀င် ကော့သောင်း - ရနောင်း ၊ ထီးခီး - ဖူနမ်ရွှမ် ၊ မောတောင် - ဆင်ခွန်း ၊ မြဝတီ - မဲဆောက် ၊ တာချီလိတ် - မယ်ဆိုင် တို့တွင် သာမန် မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းခြောက်ခု ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
MWD
No comments:
Post a Comment