address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 20, 2013

အပြီးသတ်အပစ်အခတ်ရပ်စဲရေးကြိုးစားနေသောကြောင့်သယံဇာတ ကိစ္စရပ်များမဆောင်ရွက်နိုင်သေးဟု KNU ဆို


20.12.2013

လက်ရှိကာလအတွင်း နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်ပြည်လုံးအပစ် အခတ်ရပ်စဲရေး အပြီးသတ်ရရှိရေးကို ကြိုးပမ်းနေသည့်အဆင့်မျှသာရှိသေးသဖြင့် KNU အနေဖြင့် ဒေ သတွင်း သယံဇာတခွဲဝေသုံးစွဲတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင် ရွက်မှုများကို မပြုလုပ်နိုင်သေးကြောင်း ယနေ့နံနက်ပိုင်း၌ ဖဒိုမန်းငြိမ်းမောင်က သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ်ပြောသည်။


ထိုသို့ဒေသတွင်း သယံဇာတများအား ၄င်းတို့အနေဖြင့်ခွဲဝေသုံးစွဲတူးဖော်ထုတ်လုပ်မှုဆိုင်ရာ အခြေ အနေ အရပ်ရပ်တို့အပေါ် ဖဒိုမန်းငြိမ်းမောင်က''ကျန်တဲ့တိုင်းရင်းသားတွေ၊ အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံအရ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီးရပါတယ်။ ဘာကြောင့် လဲဆိုတော့ သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ ထုတ်လုပ်တဲ့အခါ သဘာဝပတ် ဝန်းကျင်ကိုလဲ ထိခိုက်တယ်။
နောက် ပြီးပြည် သူလူထုတွေရဲ့ ဘဝ အခြေအနေတွေကိုလဲ ဘယ်လို မှဖြေရှင်းခွင့်မရှိဘူး။ အဲ့ဒီအပေါ် မှာ ငွေရှင်ကြေးရှင် လူတစ်စုလောက် ကသာ အကျိုးခံစားခွင့်ရသွားတာ တွေတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ KNU က လေ့လာ သုံးသပ်ပြီးတော့မူဝါဒတစ်ခုချမှတ် ထားတာရှိတယ်။ အဲ့ဒါက ဒီသယံ ဇာတတွေ ထုတ်လုပ်မှုရဲ့ အဓိက ဟာ ဒေသခံပြည်သူတွေရဲ့ အကျိုး အမြတ်ရှိရမယ်၊ သူတို့ရဲ့လူမှုအခြေ ခံဘဝကို မြှင့်တင်နိုင်တဲ့ အခြေခံ ရှိရမယ်။အဲ့ဒါကြောင့်လက်ရှိအခြေ အနေမှာ ကျွန်တော်တို့နိုင်ငံရေးအရ ဘာမှ မဖြေရှင်းနိုင်သေးဘူး။အပစ် အခတ်ရပ်စဲရေးကလဲဘာမှခိုင်ခိုင် မာမာမရှိသေးတဲ့အတွက် ဒီကိစ္စ တွေကို ကျွန်တော်တို့အနေနဲ့ ဘာမှ ထည့်သွင်းပြီးလုပ်ဆောင်ဖို့မရှိသေး ဘူး''ဟု¤င်းကပြောသည်။

အစိုးရနှင့် KNU တို့သည် ၂ဝ၁၂ ခုနှစ်ဇန်နဝါရီ ၁၂ရက်တွင် ဘားအံမြို့တွင်နှစ်ဖက်အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြ ပြီးနောက် နှစ်ဖက်တပ်များ ညှိနှိုင်း ၍ အပစ်အခတ်များ မဖြစ်ပေါ်စေ ရေး ထိန်းသိမ်းမှုများ၊ တစ်ဖက် တောင်းဆိုမှုအပေါ် တစ်ဖက်မှ နား လည်လက်ခံပြီး ညှိနှိုင်းဆောင်ရွက် ခြင်း များ၊ မြေမြှုပ်ဗုံး ရှင်းလင်းရေး ကိစ္စရပ်များစသည်တို့ကိုယုံကြည် မှုများစွာတည်ဆောက်ပြီး တစ်ဖက် နှင့် တစ်ဖက်ကူလူးဆောင်ရွက်ရသည် ဖြစ်၍ အပစ်အခတ်ရပ်စဲရေးနှစ်နှစ် ပြည့်လာသည့် အချိန်အထိ ဒေသ တွင်းသယံဇာတ ခွဲဝေအသုံးချမှု ကိစ္စရပ်တို့အား KNU အနေဖြင့် မဆောင်ရွက်နိုင်သေးသည့်အပြင် လက်ရှိတည်ဆောက်လျက်ရှိသည့် ယုံကြည်မှုများထက်ပိုမိုခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန် လိုအပ် နေသည်ဖြစ်၍ တစ်နိုင်ငံလုံး အပြီး သတ် အပစ်အခတ်ရပ်စဲရေး ခိုင်မာ လာသည့်အချိန်မှသာ အဆိုပါကိစ္စ ရပ်များကိုထည့်သွင်းစဉ်းစားဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ ကိုတိုင်းရင်းသားလက်နက်ကိုင်များ နှင့် နိုင် ငံတော်အစိုးရအကြားအရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိနေ ကြသည်ဆိုသော်လည်း လက်နက် ကိုင်များအနေဖြင့် နိုင်ငံရေးအခင်း အကျင်းပုံဖော်ထားရှိခြင်းများအပေါ် တွင် ယုံကြည်မှု သဘောတရား အခိုင်အမာမတည်ဆောက်နိုင်သေး သည့် အနေအထားရှိနေသေးသော ကြောင့်တိုင်းရင်းသား လက်နက် ကိုင် ငြိမ်းချမ်းရေးအဖွဲ့များအနေဖြင့် ထိုဒေသတွင်းသယံဇာတခွဲဝေသုံးစွဲ တူးဖော်ထုတ်လုပ်မှုကိစ္စရ ပ် များ အြ ပင် မည်သို့သောကိစ္စရပ်မျှ လုပ် ကိုင်ဆောင်ရွက်နိုင်ရေးကို ထည့် သွင်းစဉ်းစားရန်ပင်အခက်တွေ့နေ ရကြောင်း ၄င်းကဆိုသည်။

The Union Daily

No comments:

Post a Comment