address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 2, 2013

WY ဆေးပြားသုံးစွဲသည်ဆိုခြင်းကိစ္စရုပ်ရှင်ဥက္ကဋ္ဌလူမင်းစတင်ရှင်းပြီ




2.12.2013

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူသရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦးစာရင်းတို့ ကို
(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့်အမူမှတ်တမ်းတစ်စောင်
အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။အဆိုပါအစစ်ခံချက်ပါအမည်စာရင်းတွင်၎င်း၏အမည်ပါရှိသည့်အတွက်ပရိသတ်တွေထင်
ယောင်ထင်မှားဖြစ်မည်ကိုစိုးရိမ်ခြင်းဟုဆိုကာအကယ်ဒမီလူမင်းကမူးယစ်ဆေးဝါးကိုယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါဟူ၍
အွန်လိုင်းတွင်ရှင်းလင်းဖြေကြားချက်တစ်စောင်ကိုယမန်နေ့ ဒီဇင်ဘာ(၁)ရက်နေရက်စွဲဖြင့်ပြန်လည်ရှင်းလင်းပြောကြား
ထားပါသည်။(ဦး)လူမင်း၏ရှင်းလင်းချက်မှာ“မူးယစ်ဆေးဝါး...... ယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါ။မိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်အားလုံးအသိပါ။ကျွန်တော်ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်နေ
မှာစိုးလို့ ပါ။ကျွန်တော်ကိုယ်တိုင်မူးယစ်ဆေးဝါးဆန့် ကျင် တိုက်ဖျက်ရေးအသင်း<MANA>ရဲ.သံတမန်တစ်ယောက်ပါ”
ဟုပါရှိပါသည်။ထို့ အတူအဆိုပါရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့စစ်ဆေးချက်စာရင်းပါအနုပညာရှင်များအနေဖြင့်
လည်း၎င်းတို့ သာအမှန်တကယ် မူယစ်ဆေးဝါးသုံးစွဲခဲ့ခြင်းမရှိကပရိသတ်အထင်အမြင်မမှားစေခြင်းအလို့ ငှာပြန်လည်
ငြင်းချက်ထုတ်မူများအသီးသီးပြုလာဖွယ် ရှိကြောင်းရုပ်ရှင်ဂီတအနုပညာ အသိုင်းအ၀ိုင်းကဆိုပါသည်။

Popular Myanmar News Journal

No comments:

Post a Comment