address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 8, 2014

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် စစ်တပ်ကို ကြားဝင် ဖျန်ဖြေပေးရန် ရင်လပ်တောင်းဆို

ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် ထရာသည် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် အစိုးရ စစ်တပ်ကို ကြားဝင် ဖြန်ဖြေပေးရန် တောင်းဆို ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။


ထိုင်းအစိုးရ ဆန့်ကျင် ဆန္ဒပြသူ များသည် ဇန်နဝါရီ ၁၃ ရက်တွင် ဗန်ကောက်မြို့ကို ချည့်နဲ့ သွားစေရန် အတွက် ပိတ်ဆို့ ဆန္ဒပြမည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး ယင်းနေ့ မတိုင်မီ အစိုးရ အဖွဲ့နှင့် အစိုးရ ဆန့်ကျင်လျက် ရှိသည့် ပြည်သူ့ ဒီမို ကရက်တစ် ပြုပြင် ပြောင်းလဲရေး ကော်မတီ(PDRC) တို့အကြား မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်စေရန် အတွက် ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ကြားဝင် ဖျန်ဖြေပေးရန် စစ်တပ်ကို ရင်လပ်က တောင်းဆိုခဲ့ကြောင်း အမည် မဖော်လိုသည့် သတင်း အရင်းအမြစ် တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အတိုက်အခံ ဒီမိုကရက် ပါတီမှ ဒုတိယ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ PDRC ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဆူသပ်သောင် ဆူဘန်သည် နိုင်ငံ အတွင်း ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကို အဆုံးသတ် စေမည့် နည်းလမ်းများကို ဆွေးနွေးရန် အတွက် စစ်ဘက် ဆိုင်ရာမှ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် ဇန်နဝါရီ ၄ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဆူသပ်၏ ရပ်တည်ချက် များသည် ပြောင်းလဲမှု မရှိသလို အမျိုးသား ပြုပြင် ပြောင်းလဲရေး အတွက် ကြားဖြတ် အစိုးရ အဖွဲ့ကို ဖွဲ့စည်းပေးရန် ၎င်း၏ တောင်းဆိုချက်ကို ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment