address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 5, 2014

အစိုးရ ရုံးဌာနများအား လုံခြုံရေး စောင့်ကြပ်ပေးရေး ထိုင်းဝန်ကြီးချုပ် တောင်းဆို

ဇန်နဝါရီ ၁၃ ရက်တွင် ဆန္ဒပြသူများက ဗန်ကောက်မြို့အား ဝိုင်းပတ် ပိတ်ဆို့မှုပြုလုပ်စဉ် အရေးပါသော အစိုးရ ရုံးဌာနများကို စောင့်ကြပ်ပေးရေး စစ်ဘက် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားပေးရန် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ထရာက တောင်းဆိုခဲ့ကြောင်း သိရသည်။

ရင်လပ်အနေဖြင့် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (ISOC) တွင် ဇန်နဝါရီ ၃ ရက်က ကျင်းပသော အရေးပေါ် အစည်းအဝေး တစ်ရပ်၌ ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းနှင့် အစိုးရ ရုံးဌာနများအား စောင့်ကြပ်ရန်အတွက် စစ်သည် တပ်ခွဲ ၂၂ စေလွှတ်ပေးရေး အတွက် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်တွင် ဗန်ကောက်မြို့တွင်းရှိ လမ်းဆုံနေရာ ၂ဝ အား ဝိုင်းပတ်ပိတ်ဆို့မည့် အစီအစဉ်အပေါ် ရင်လပ်က စိုးရိမ်ပူပန်မိကြောင်း၊ အစိုးရ ရုံးဌာနများတွင် လုံခြုံရေး ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များ လုံလောက်စွာ မရှိသောကြောင့် စစ်သည်များအား လုံခြုံရေး ဆောင်ရွက်စေမည် ဖြစ်ကြောင်း၊ ဆန္ဒပြသူများက ဝိုင်းပတ် ပိတ်ဆို့မည့် လမ်းကြောင်းများအား ကြီးကြပ် ကွပ်ကဲရန် ရဲတပ်ဖွဲ့ဝင် ၂ဝ,ဝဝဝ ခန့်ကို တပ်ဖြန့် ချထားသွားမည် ဖြစ်ကြောင်းနှင့် စစ်ဘက်နှင့် ရဲဘက်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း ISOC တွင်ပြုလုပ်သည့် အစည်းအဝေး၌ ရင်လပ်က ပြောကြားခဲ့သည်။

 မြ၀တီ

No comments:

Post a Comment