address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 14, 2014

တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေမည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း


14.1.2014

တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေမည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ ဇန်န၀ါရီ ၁၃ ရက်တွင် တင်သွင်းခဲ့သည်။

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းအား တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက ရေးဆွဲတင်သွင်းခဲ့ခြင်း ဖြစ်သည်။

တင်သွင်းရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြသည်ဖြစ်၍ တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်၊ အချင်းချင်း ရိုင်းပင်းကူညီကာ ထာဝစဉ် လက်တွဲနေထိုင်ရန် အတွက် ယခုဥပဒေကို ပြဋ္ဌာန်းရန် တင်သွင်းရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ခေတ်အဆက်ဆက် အုပ်ချုပ်ရေး ကာလများတွင် နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ဖော်ပြခဲ့သော်လည်း သီးခြားဥပဒေဖြင့် ပြဋ္ဌာန်းပြီး တိကျစွာ အကောင်အထည် ဖော်နိုင်မှု မရှိခြင်းကြောင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဖော်ဆောင်ရာတွင် အားနည်းမှုများ ရှိခဲ့ကြောင်း၊ ယနေ့ကာလတွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ဥပဒေကြမ်း တင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေရှိချက် အစီရင်ခံစာတွင် ဥပဒေကြမ်းပါ မူလပြဋ္ဌာန်းချက်ဖြစ်သည့်” တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့် ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်” ဆိုသည့် စကားရပ်များအစား “တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများနှင့် မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့် ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်” ဟု အစားထိုး ပြင်ဆင်ထားသည်။

Eleven Media Group

No comments:

Post a Comment