address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 15, 2014

ငြိမ်းချမ်းရေးမူဘောင် ဆွေးနွေးပွဲ ထိုင်းတွင်ပြုလုပ်


15.1.2014 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးခဲ့ပါက နိုင်ငံရေး ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင် အလုပ် ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၃ ရက်မှ စတင်ကျင်းပနေပြီဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမယ်ဆိုရင် ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုပုံစံနဲ့ ဆုံးဖြတ်ချက် ချမလဲ၊ အခြေခံပြဿနာက ဘာတွေရှိသလဲ၊ ဒီတိုင်းပြည်မှာ နိုင်ငံရေးပြဿနာမှာ ပါဝင်ပတ်သက်တဲ့ အ စုအဖွဲ့တွေ ပါဝင်ရမယ်ဆိုတဲ့ အပိုင်းတွေကို ပြန်လည်စိစစ်ပြီးတော့ ရေးဆွဲတာ၊ သေချာသည်ထက်သေ ချာအောင် လုပ်တဲ့သဘောပါ”ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက မဇိ္ဈမကို ပြောကြား သည်။

တိုင်းရင်းသားများဘက်မှ အမှန်တကယ်လိုလားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရန်အ တွက် NCCT အနေဖြင့် ပြန်လည်စိစစ်ပြီး ဆွေးနွေးရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ မူဘောင်တွေ ပြန်လည်စိစစ်တာပါဘဲ။ WGEC (တိုင်း ရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကနေ ရေးဆွဲထားတဲ့ မူဘောင်ကို အခြေခံပြီးတော့ လိုင်ဇာမှာ ကျွန်တော်တို့ ဆွေးနွေးလာခဲ့တဲ့ မူဘောင်တွေကို ပြန်ပေါင်းစပ်ပြီးတော့ ပြန်ဆွေးနွေးတာပါ” ဟု ဆက်ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ဦး ဆောင်၍ လာမည့် ဇန်န၀ါရီလ ၁၆ ရက်ထိ ကျင်းပကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Win Palace ဟိုတယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် ၂၀ ခန့် တက်ရောက် ဆွေး နွေးနေခြင်း ဖြစ်သည်။

တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး မထိုးရေးကို လာမည့် ဇန်န၀ါရီလ ၂၀၊ ၂၂ ရက်အထိ ကျင်းပမည့် တိုင်းရင်းသားများ၏ ဒုတိယညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဆက်လက်ဆွေးနွေးပြီး အတည်ပြုကြမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ ရက်မှ ၁၁ ရက်အထိလည်း တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာမှ တတ်သိပညာရှင်အချို့တို့ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။

Mizzima

No comments:

Post a Comment