15.1.2014
ဒီလိုပျောက်ဆုံးနေမှုကြောင့် လက်ရှိမှာ တာဝန်ရှိသူတွေက ပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဦးစီးတဲ့ အင်အား(၄)ဦးပါ အဖွဲ့ဟာ ဇန်န၀ါရီလ (၁၃)ရက် ည ကိုးနာရီက ခရေမြိုင် ရဲကင်းကနေ ညကင်းလှည့်လည်ဖို့ ထွက်လာရာ ည ကိုးနာရီခွဲခန့်မှာ ဒူကြီးဝါးကျေးရွာအုပ်စု အလယ်ကျော်စာသင်ကျောင်းအရောက် ဘင်္ဂလီ (၂၀)ခန့် မီးလှုံနေရာ က ထွက်ပြေးသွားပြီး မကြာမီ ဘင်္ဂလီအင်အား (၅၀၀)ကျော်က တိုက်ခိုက်ဖိုက အော်ဟစ်ထွက်လာကြတယ်လို့ သိရပါတယ်။
အဲဒီအတွက် ကင်းလှည့်ရဲတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာလာရာ ကျန်တပ်ဖွဲ့ဝင်တွေက ခေဲရမြိုင်ရဲကင်းကို ည (၁၁)နာရီမှာ ပြန် လည်ရောက်ရှိခဲ့ပေမယ့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကတော့ လက်နှက်နဲ့အတူ လူစုကွဲကျန်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ် မောင်တောခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီးရွှေသန်းက သက်ဆိုင်ရာက ရှာဖွေမှုတွေ ဆောင် ရွက်ဆဲဖြစ်တယ်လို့ပြောပါတယ်။
ဒီလိုရှာဖွေမှုကို ည(၁၂)နာရီမှ စတင်ကာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေခဲ့ပြီး ရ.က.ပ ကွပ်ကဲရေးမှူး ကိုယ်တိုင် ရှင်းလင်းရှာဖွေလျှက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်န၀ါရီလ (၁၃)ရက်နေ့မှာ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းရှိ ၀ါးလန်းကုန်းကျေးရွာကတစ်ဦး ဦးခေါင်း ဓါးခုတ်ဒဏ်ရာ နှစ်ချက်နဲ့ အတူ သတ်ဖြတ်ခံထားရပြီး
သေဆုံးမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါသေဆုံးမှုအပေါ် ဒုပြည်နယ်ရဲမှူးကြီး ဇေယျာဟန်ကိုယ်တိုင် ဦးစီးစုံစမ်း လျှက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကတော့ စစ်တွေမြို့နယ် မှန်စီရဲကင်းက တာဝန်ကျရဲတပ်သားနှစ်ဦးကို ဘင်္ဂလီ (၈)ဦးက ၀ိုင်းဝန်းရိုက်နှက် မှုကြောင့် (၁)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရခဲ့မှုလဲ ဖြစ်ပွားခဲ့ပါတယ်။
Eleven Media Group
No comments:
Post a Comment