address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 8, 2014

ဇွဲကပင်အသင်း ရာသီသစ်တွင် ကျပ်သိန်း ၈၀၀၀ အသုံးပြုမည်ဟု အသင်းပိုင်ရှင်ပြော

မကြာမီကျင်းပတော့မည့် ၂၀၁၄ ဘောလုံးရာသီအတွက် ဇွဲကပင်အသင်း၏ တစ်ရာသီစာ အသုံးစရိတ်မှာ ကျပ်သိန်း ၈၀၀၀ အထိရှိမည်ဟု ဇွဲကပင်အသင်း ပိုင်ရှင်ဦးလှဌေးက မဇ္ဈိမသို့ ပြောသည်။


လာမည့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်တွင် ကလပ်အသင်းများအာလုံးမှာ ကစားသမားလစာထိန်းချုပ်မှု ပြုလုပ်မည် ဖြစ်သောကြောင့် ယခင်နှစ်ရာသီများကထက် အသုံးစရိတ်လျော့ကျလာမည်ဖြစ်ရာ ဇွဲကပင် အသင်းအနေဖြင့်လည်း ပုံမှန်အသုံးပြုနေကြ တစ်နှစ်ပျမ်းမျှအသုံးစရိတ် ကျပ်သိန်း ၁၀၀၀၀ ထက် အနည်း ငယ်လျော့နည်းလာဖွယ်ရှိနေခြင်း ဖြစ်သည်။

ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးက“ကျွန်တော်တို့ အသင်းကတော့ အသင်းစတည်ထောင်ကတည်းက တစ်နှစ်ကို အသုံးစရိတ် သိန်း ၁၀၀၀၀ ပတ်လည်လောက်မှာ ရှိခဲ့ပါတယ်။ ကျွန်တော့်အသင်းမှာဆိုရင် ကစားသမားတွေအတွက် ပေးထားတဲ့ လစာက ကန့်သတ်ရလောက်အောင်အထိတော့များတာမျိုးမရှိပါ ဘူး။ ပြီးခဲ့တဲ့ ရာသီကဆိုရင် အများဆုံး လစာပေးရတဲ့ ကစားသမားကမှ ခုနစ်သိန်းပဲ ရှိပါတယ်။ ဒီရာသီအတွက် ပျမ်းမျှအသုံးစရိတ်ကိုလည်း သိန်း ၈၀၀၀ လောက်တော့ မှန်းထားပါတယ်” ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment