address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 11, 2013

ကရင်လူ့အခွင့် အရေး အဖွဲ့ မှ ဆုကိုလက်ခံခြင်း


11.12.2013

ထိုင်ဝမ် ဒီမိုကရေစီ ဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် ၂၀၁၃ ခုနှစ် အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (Asia Democracy and Human Right Award 2013) ဆုအား ယနေ့ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) မှ တိုင်ပေ မြို့တွင် ဆုလက်ခံ ရယူ သွားမည် ဖြစ်ကြောင်း KHRG အဖွဲ့မှ စီမံကိန်း အုပ်ချုပ်ရေးမှူး နော်ခူးခူး ဂျူးက ပြောသည်။


ဤသို့ကြောင့် ဆုသွား ရောက်ရယူမှုနှင့် ပါတ်သက်ပြီး အသေးစိပ်သိရှိနိုင်ရန် နော်ခူးခူး ဂျူးအား ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး ။     ။ KHRG က ထိုင်ဝမ်းက ပေးတဲ့ ဆုကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ မှာ သွားယူမယ်မဟုတ်လား အဲဒါ ဘယ်သူသွားယူမှာလဲ။

ဖြေ ။      ။ သွားယူမယ့်သူက စောအယ်လ် ဘတ်ပါ (Saw Albert) သူက ကွင်းပိုင် ညွှန်ကြားရေးမှူးပါ။

မေး ။     ။ KHRG မှာ လူအ များကြီး ရှိတဲ့ အထဲ ဘယ်လိုဖြစ်လို့ စောအယ်လ် ဘတ်ကို ရွေးချယ်ပြီး ဆုကိုယူခိုင်း ရတာ လဲ။

မေး ။     ။ ကျမတို့ (KHRG) မှာ အစီစဉ်ပိုင်း ညွှန်ကြားရေးမှူးနဲ့ ကွင်းပိုင်းညွှန်ကြား ရေးမှူးဆိုပြီး ဒါရိုက်တာ (၂) ယောက်ရှိတယ်။ ဒါက ကွင်းပိုင်းနဲ့ သက်ဆိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အတွက် ဆုကို သွားရောက်ပြီး လက်ခံရယူဖို့ ရွေးချယ်လိုက်တာပါ။

မေး ။     ။ ဆုသွားယူမယ့်သူက ဘယ်နေ့ ထွက်သွားတာလဲ။

ဖြေ ။      ။ ဟုတ်ကဲ့ ဆု သွားယူမယ်သူကတော့ မဲဆောက်ကနေ ဒီဇင်ဘာ (၈) ရက်နေ့က ထွက်သွားပါတယ်။

မေး ။     ။ ဒီဆုက ဘာဆုတွေ ဖြစ်သလဲဆိုတာကို ထပ်မံပြောပြပေးလို့ရနိင်မလား။

ဖြေ ။      ။ ဒီဆုရဲ့ ခေါင်းစဉ်က အာရှဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆုပေါ့ သူက နှစ်စဉ်နှစ်တိုင်းပေးပေမယ့် ကျမတို့ ကရင်လူ့အခွင့်ရေးအဖွဲ့( KHRG) အနေနဲ့ရတာက (၂၀၁၃) ခုနှစ်ပေါ့။ ဒီဆုကိုပေးတဲ့ ရွယ်ရွယ်ချက်ကလဲ အာရှမှာ ဒီမိုကရေစီအခြေနေနှင့် လူ့အခွင့်ရေးတိုးမြှင့်ဖို့ အတွက် ငြိမ်းချမ်းစွာအားထုတ်လုပ်ဆောင်သူကို အဖွဲ့စည်းလိုက်ဖြစ် စေ၊ တစ်ဦးခြင်းဖြင့်စေ နှစ်စဉ်ပေးခြင်းပါတယ်။

မေး ။     ။ ရတဲ့ ဆုကလည်း ငွေသားဆု ဖြစ်တယ်ဆိုတော့ ဘယ်လိုနေရာမှာ အသုံးပြုသွားမယ်လို ရည်ရွယ်ထားသလဲ။

ဖြေ ။      ။ ဒီဆုက ငွေသားဒေါ်လာ (၁)သိန်း ချက်လက်မှတ်အပြင် အသိမှတ်ပြုဂုဏ်ပြုလက်မှတ်ဆုတစ်ခုပါမယ်။ ကျမတို့ အနေနဲ့ လာမယ့်နှစ်မှာ လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ပဲ (KHRG) လုပ်ဆောင်မှု အဓိကအနေနဲ့ သတင်း အချက်လက် ဆုဆောင်းရယူတယ်။ ကျမတို့ နဲ့ အတူတကွလုပ် ဆောင်တဲ့ ကွင်းပိုင်းမှာ ရွာသားတွေရှိတယ် သူတို့ ကနေပြီးတော့ ရတဲ့ သတင်းအချက်လက်ကို အစီရင်ခံစာရေးတယ်။ သတင်းတွေဖြန့်ဝေမှုနှင့်စည်းရုံးလှုံ့ဆော်မှု တွေလုပ်တယ်။ လုပ်ရှိလုပ်တဲ့ အလုပ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန်လုပ် ဆောင်မည့်အပေါ်မှာ ဒီငွေသားကလည်း ကျမတို့ အတွက် အထောက်အကူပြုပါတယ်။

မေး ။     ။ ဒီဆုကိုရခြင်းအာဖြင့် (KHRG) ရဲ့ ရေရှည်အတွက် ဘာတွေ အထောက်အကူပြုမလဲ  ဘာတွေက အကျိုး ဖြစ်ထွန်းစေမလဲ ပေါ့။

ဖြေ ။      ။ ပြောရရင်တော့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒီဆုက ကရင်လူ့အခွင့်ရေးအဖွဲ့ က နှစ် (၂၀) ကျော်လုပ်ဆောင်မှုနဲ့ အရေးပါမှုကို အလုပ်ကို အတည်ပြုပေးတဲ့ အမှတ်သားတစ်ခုဖြစ်တယ်။ ဒီအမှတ်သားတွေက ရှေ့ဆက် လုပ်ရမယ့်အလုပ်အတွက် ပိုမိုလုပ်ဆောင်နိုင်မယ် ကျမတို့ကို အဖွဲ့ဝင်တွေနဲ့ ကူညီလုပ်ပေးတဲ့ ရွာသားတွေအတွက် ပိုပြီးစိတ်အား ထက်သန်စေတယ်။ ရှေ့ဆက်လုပ်ဆောင် နိုင်တဲ့ လုပ်ဆောင်မှုအပေါ်မှာ ပိုပြီးတော့ အထောက်ကူဖြစ်စေတယ်။

မေး ။     ။ KHRG ရဲ့ လက်ရှိတာဝန်ယူ လုပ်ဆောင်တဲ့ အလုပ်ကို ထပ်မံပြောပြပေးလို့ရနိုင်မလား။

ဖြေ ။      ။ ကျမတို့ရဲ့ရည်ရွယ်ချက်က (၁) လွတ်လပ်ပြီးတော့ ဘယ်အဖွဲ့စည်းနဲ့ မှ ဆက်နွယ်ချင်းမရှိပဲ ဒေသ အဖွဲ့စည်း တစ်ခုဖြစ်တယ်။ လုပ်ဆောင်ရတဲ့ အရာက အဓိက လွတ်လပ်စွာပြောဆိုခွင့်မရှိပဲ လျစ်လျူရှူ့ခြင်းခံရတဲ့ ရွာသားတွေရဲ့ အသံထွက်ပေါ်လာဖို့အတွက် လုပ်ဆောင်ပေးတယ်။ အဓိက လုပ်ငန်း (၄) ရပ်ကတော့  (၁) ဒေသခံ တွေနဲ့ ပူးပေါင်းပြိး သတင်းအချက်လက်ရယူတယ်။ (၂)  ရရှိတဲ့ သတင်းအပေါ်မှာ အစီရင်ခံစာရေးသားတယ်။ (၃) ပြည်တွင် နိုင်းငံတကာတွေနဲ့ သတင်းတွေနဲ့စည်းရုံးလှုပ်ဆော်။ (၄) ရွာသားတွေက သူတို့ တွေ့ကြုံခံစားရတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုနှင့်  အခက်ခဲတွေကို ဆွေးနွေးဖို့ အတွက် အလုပ်ရုံဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်ပေးတယ်။

မေး ။     ။ KHRG က ဒေသခံရွာသားအပြင် တခြားအဖွဲ့စည်းနဲ့ ပူပေါင်းလုပ်ဆောင်တာရှိလား

ဖြေ ။      ။ ခုနကပြောသွားတဲ့ လုပ်ဆောင်ချက် (၄)ရက်က တစ်ခုဖြစ်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာလှုပ်ဆော်မှု အစည်းဝေးမှာ သတင်းဖြန့်ဝေတာတို့ ပေးပို့ခြင်းဖြင့် အတူလုပ်ဆောင်တယ်။

မေး ။     ။ (KHRG) က ဘယ်ဒေသကို ဦးတည်ပြုလုပ်သလဲပေါ့။

ဖြေ ။      ။ ခြုံငုံပြောရရင်  မြန်မာပြည် အရှေ့ပိုင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ကရင်ပြည်နယ် သတ်မှတ်တဲ့အချိန်မှာ ခရိုင် (၇) ခုပါတယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း တချို့လေဒေသတွေပါ တယ် အဓိက ကရင်ပြည်နယ်ပေါ့ ကျမတို့က လူမျိုးအရ မသတ်မှတ်ဘူး ဧရိယာအရ ပဲ သတ်မှတ်ပါတယ်။

မေး ။     ။ လုပ်ဆောင်နေတဲ့လုပ်ငန်းပေါ်မှာ ရှေ့ဆက် ဒေသတွေ တိုးချဲ့ဖို့ ရှိသေးလား။

ဖြေ ။      ။ အဓိက တော့ ကျမတို့ စည်းရုံးလှုပ်ဆော်မှုနဲ့ သတင်းဖြန့်ဝေမှုအပိုင်း ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပါ တယ်။ သတင်းကောက်ယူမယ့်ဒေသ ခံတွေကို ထပ်တိုးချဲ့လုပ်ဆောင်မှုရှိတယ် သတင်းအချက်လက်ဖြန့်ဝေမှုမှာ ရန်ကုန် တို့ မှာ လည်း ထပ်တိုးချဲ့လုပ်ဆောင်နေပါတယ်။

မေး ။     ။ (KHRG) အနေနဲ့ တွေ့ကြုံရတဲ့ အခက်ခဲဘာတွေရှိလဲ အခက်ခဲရှိရင် ဘယ်လိုဖြေရှင်းလဲပေါ့

ဖြေ ။      ။ တွေ့ကြုံရတဲ့ အခက်ခဲက ကွင်းပိုင်းမှာ တချို့နယ်မြေဒေသမှာ သတင်းကောက်ယူ တဲ့အခါ အကန့်သတ် တွေ ရှိနေတော့ အခက်ခဲရှိပါတယ်။ အဓိက က လူ့အခွင့်ရေးနဲ့ပတ်သတ်တဲ့ သတင်းကောက်ယူတာ တွေနဲ့ အားလုံး သိ အောင် ဖြန့်ဝေပြီး စည်းရုံးလှုပ်ဆော်မှုတွေလုပ်တဲ့ နေရာမှာ အကန့်သတ်ရှိတော့ အခက်ခဲအများကြီးရှိပါတယ်။ ကွင်းပိုင်း သတင်းရယူတဲ့ အခါ ဒီအခက်ခဲတွေကို ဒေသခံတွေကပဲ ဖြေရှင်းသွားတာပါ  ဒေသခံအာဏာပိုင် တွေကဘယ်သူလဲ ဘယ်ဧရိယာမှာ ဘယ်လိုဖြစ်တတ်သလဲ ဒေသခံတွေက ပိုသိတယ်လေး (KHRG) လုပ်ဆောင်မှုကို ယုံကြည်ပြီး ဒေသခံတွေက သင်တန်းပေးထားတဲ့ သူတွေက ကူညီပေးတာပေါ့

မေး ။     ။ KHRG ရဲ့ အားနည်းချက်က ဘာတွေရှိလဲပေါ့ အားသာချက်ကရော။

ဖြေ ။      ။ အစည်းဝေးပိုင်းမှာ အရင်တုန်းက နိုင်ငံတကာ စည်းရုံးလှုပ်ဆော်မှုကို အားသန်တယ်  ပြည်တွင်းပိုင်းမှာ တော့အားနည်းမှုရှိတယ်။ ကျမတစ်ယောက်အမြင် အနေနဲ့ ကွင်းပိုင်းမှာ မြို့ပေါ်ပိုင်းမှာ သတင်းကောက်ယူမှု အားနည်းတယ်။ ပဋိပက္ခဖြစ်တဲ့ ကျေးရွာ တွေမှာက ပိုအာသားတယ် ကျေးရွာတွေက ပြသနာပေါင်းစုံကြားမှာ (၁၉၉၂) ခုနှစ်ကတည်းက သတင်းကောက်ယူထားတယ် ကြာပြီးဆိုတော့ ရွာသားအသိမှတ်ပြုမှုယုံကြည့်မှုကြောင့် ကျေးရွာအဆင့်မှာ ကောင်းကောင်းလုပ်နိုင်တာပေါ့ ဒါပေမယ့် မြို့ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ကျမတို့ ကြိုးစားနေပါတယ်။

မေး ။     ။ (KHRG) က လွတ်လပ်တဲ့ အဖွဲ့စည်းတစ်ခုလား ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတစ်ခု ရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေသလားပေါ့

ဖြေ ။      ။ အဲဒါကအရေးကြီးဆုံးအချက်ပါပဲ။ (KHRG) က လွတ်လပ်တယ် ဘယ်တိုင်းရင်းသားအဖွဲ့စည်းနဲ့မှ ဆက်နွယ် လွှမ်းမိုးမှုမရှိတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။

မေး ။     ။ (KHRG) က လုပ်ဆောင်နေတာလည်းအတော်ကြာပြီး ပြည်တွင်း ပြည်ပ ယုံကြည်မှုတွေလည်း ရရှိလာပြီး အပေါ်မှာ လက်ရှိ အမာ ခံ လှုပ်ရှားအင်အားဘယ်လောက်ရှိလဲပေါ့

ဖြေ ။      ။ အားလုံးပေါင်း (၆၀) ၀န်းကျင်းရှိပါတယ်

မေး ။     ။ KHRG ရည်မှန်းချက်က ဘာတွေလဲပေါ့

ဖြေ ။      ။ ကျမတို့ အဖွဲ့စည်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေက လူ့အခွင့်ရေးကို တန်းတူရရှိနိုင်ဖို့ နဲ့ လူ့အခွင့်ရေးချိုးဖောက်မှု နည်းပါးသွားအောင် ကျမတို့ ရည်ရွယ်ပြီး သတင်းမှတ်တမ်းရယူတယ် ကျူးလွန်းပြီးသာလူတွေလည်း ဒါကိုတွေ့ပြီး ရှေ့ဆက်မလုပ်ဆောင်ဖို့ ပါ။

ယခု အကြိမ် ဆုရရှိ မှုသည် KHRG အဖွဲ့ အနေဖြင့် တတိယ အကြိမ်မြောက် ဆုရရှိ ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် (၁၉၉၅) ခုနှစ်တွင် ကနေဒါ နိုင်ငံမှ ချီးမြှင့်သော The Peace Fund Canada Honor Award ဆု၊ ၂၀၀၁ ခုနှစ်တွင်The Canada-based Science for Peace Award ဆု နှင့် ယခု ထိုင်ဝမ်မှ (Asia Democracy and Human Right Award)  ဆု အသီးသီး ရရှိ ခဲ့ပြီး ဖြစ်သည်။

 ရွှေဟင်္သာ

No comments:

Post a Comment