address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 5, 2013

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာဝေမျှခြင်းနှင့် ဖျော်ဖြေပွဲကျင်းပမည်




5.12.2013

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အဖြစ်Red Bibbon Hour အစီ အစဉ်ကိုဒီဇင်ဘာ ၈ ရက်တွင် ကန်တော် ကြီးမျှော်စင်ကျွန်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင်HIV/AIDS နှင့်ဆိုင်သော ဗဟုသုတရ ဖွယ် ပြခန်းငယ်လေးများ၊ ဥာဏ်စမ်းမေးခွန်း များနှင့်အတူ ဆုများလည်း ပါဝင်မည် ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များ၊ ဂိမ်း ကစားမည့်အစီအစဉ် များလည်း ပါဝင် မည်ဖြစ်သည်။

ထူးထူးခြားခြား အစီအစဉ်အဖြစ် ခိုင်မြဲသာ၊ ဥာဏ်လင်းအောင်၊ သားညီ၊ ကျော်သီဟ၊ ရှိုင်းဝေယံ(အိပ်မက်ဆုံရာ)၊ လွင်ထူး (Melody World) ၊ Jenny ၊ ဖူးစုံ၊ ဆုပန်ထွာ၊ ရွှေရည်ဖြိုးမောင်၊ ပုလဲ ဝင်း၊ မိုးပြည့်ပြည့်မောင်၊ နန်းမြတ်၊ လိမ္မော်သီး၊Super Model ၊ Girl Band ၊ဥမ္မာမွန်(အိပ်မက်ဆုံရာ)၊ သန္တာ ဗို၊ Xgalz တို့၏ ဖျော်ဖြေမှုများနှင့် အတူ ပြဇာတ်၊ အငြိမ့်နှင့် ဖျော်ဖြေရေး အစီအစဉ်များပါ ပါဝင်မည်ဖြစ်သည်။

ပွဲလာသူများ ဝယ်ယူစားနိုင်ရန် အဆာပြေစားစရာဆိုင်များ စီစဉ်ထား ပြီး ပွဲလာရောက်သူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ် သွားမည်ဖြစ်သည်။ အဆိုပါ ပွဲသို့ ဝင် ကြေးအခမဲ့ဝင်ရောက်နိုင်ပြီး ပွဲချိန်မှာ နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီအထိ ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment