address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 5, 2013

မိုးစက်ဝိုင် ပထမဆုံး ပြည်ပဆုရရှိ




5.12.2013

Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ပြည်ပမှပေးအပ်သည့်ဆုကို နိုဝင်ဘာ ၃ ရက်က ပထမ ဆုံးဆွတ်ခူး နိုင်ခဲ့ပြီဖြစ်သည်။ ယင်းဆုကို Missology Organization မှ ပေးအပ်သည့်ဆုဖြစ်ပြီး People Choice Award ဖြစ်သည်။

ယင်းဆုသည် နိုဝင်ဘာလအတွင်းကကျင်းပခဲ့သည့် Miss Universe 2013 ပြိုင်ပွဲဝင်များကို ၎င်းတို့၏၀က်ဘ် ဆိုဒ်မှတစ်ဆင့် မဲပေးသည့်အကြိမ်ရေအပေါ်မူတည်ကာ ချီးမြှင့်ခြင်းဖြစ်သည်။

Miss Universe Myanmar Organi-zation မှ ကိုချမ်းလင်းသူက “Missology Organization ကဒီဆုကို Miss Universe ပြိုင်ပွဲကတည်းကပေးချင်တာ။ အကြောင်း အမျိုးမျိုးကြောင့် မပေးနိုင်ခဲ့ဘဲ အခုမှပေးအပ် နိုင်တဲ့အတွက် တောင်းပန်ပါတယ်လို့ သူတို့ကပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါကမိုးစက်အတွက် ပထမဆုံး ပြည်ပဆုလို့ ပြောလို့ရပါတယ်။ ဆုတံဆိပ်ကတော့ ဒီကိုမရောက်သေးဘူး။ သူတို့ ပို့ပေးမယ်လို့ပြောပါ တယ်” ဟု ပြောသည်။

မိုးစက်ဝိုင်က သူမ၏ဖေ့စ်ဘွတ်တွင် “Missology က ဆုပေးလိုက်တယ်။ ဒါ အားလုံးဝိုင်းပေးတဲ့ people choice award ပေါ့။ အချိန်တွေအများကြီးပေးပြီးvote ထားတဲ့ စေတနာမေတ္တာတွေကို ထာဝရမမေ့ပါ ဘူး၊thank u very much” ဟု ရေးသားဖော်ပြခဲ့သည်။Missology Organization သည် ဖိလစ်ပိုင်အခြေ စိုက်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment