address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 20, 2013

အေဂျင်စီဝန်ဆောင်ခ အလုပ်သမားလစာ၏ လေးဆထက်ပိုတောင်းလျှင် တိုင်ကြားရန် တိုက်တွန်း

20.12.2013

ပြည်ပနိုင်ငံများသို့ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်မည့် မြန်မာအမျိုးသမီး အလုပ်သမားများကို ၀န်ဆောင်မှုပေးသည့်အေဂျင်စီများသည် လုပ်ခလစာလေးဆထက် ပိုမိုတောင်းခံပါက တိုင်ကြားရန် အလုပ် အကိုင်ရှာဖွေးရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ဒီဇင်ဘာ ၁၈ ရက်တွင် ပြောသည်။


“၀န်ဆောင်ခကို အရမ်းမြင့်နေတယ်ဆိုရင် အထောက်အထားနဲ့ တိုင်ကြားပေးပါ၊ လေးဆထက်ပိုတောင်း လို့မရဘူး၊ မရှိလို့သွားလုပ်တာ အရမ်းများနေရင် ဘယ်ကောင်းမလဲ”ဟု ဦးမျိုးအောင်က ပြောသည်။

အေဂျင်စီများကို သတ်မှတ်ထားသည့် ၀န်ဆောင်ခထက် ပိုမိုကောက်ခံပါက အရေးယူဆောင်ရွက်သွား မှာဖြစ်ပြီး လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များ လိုက်နာနိုင်မှသာလျှင် အိမ်ဖော် အလုပ်သမားများ ကို ပို့ဆောင်ခွင့်ပေးမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

မြန်မာအိမ်ဖော်အလုပ်သမားများကို ပို့ဆောင်ပေးရန် တာဝန်ယူထားသော အေဂျင်စီများသည် လိုအပ် သည့် ဘာသာစကား ပြည်ပနိုင်ငံများတွင် တွေ့ကြုံရမည့် အလုပ်အကိုင်နှင့် ပစ္စည်းအသုံးအဆောင်များ ကိုလည်း သင်တန်းအခမဲ့ပေးရန် သတ်မှတ်ထားသည်။

သင်တန်းတက်စဉ်ကာလအတွင်း ကုန်ကျသည့် စားသောက်စရိတ်၊ နေထိုင်စရိတ်များကို အလုပ်သမား များက ကုန်ကျခံရမည်ဖြစ်သည်။ သင်တန်းအချိန်ကာလကို အေဂျင်စီများက တစ်လခွဲမှ နှစ်လအထိ လေ့ကျင့်ပေးပြီးမှသာ ပို့ဆောင်ပေးရမည်ဖြစ်သည်။ မြန်မာအိမ်ဖော်အလုပ်သမားများ လုပ်ကိုင်နေသည့် အိမ်လိပ်စာ၊ လုပ်ငန်းရှင်အမည်၊ လစာမည်မျှ ပိတ်ရက်၊ ပိတ်ချိန်မှအစ တာဝန်ယူကာ ပို့ဆောင်ပေးရ မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment