address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 4, 2013

ဘောလုံးရွှေတံဆိပ်က တစ်နိုင်ငံလုံး အလိုချင်ဆုံးဆုဟု အားကစားဝန်ကြီး ဦးတင့်ဆန်း ပြောကြား


4.12.2013

အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ကစားသမားများအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက တွေ့ ဆုံအားပေးစကားပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများက ဆီးဂိမ်းတွင် ဘောလုံးရွှေ ရရန်ကိုသာ နံပါတ်တစ် လိုလားကြောင်းနှင့် ဆီးဂိမ်းရွှေတံဆိပ်ရရန် စည်းကမ်းရှိရှိဖြင့် ကြိုးစားကြရန် တိုက်တွန်းပြောကြားလိုက်သည်။အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည့် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့များကို အလှည့်ကျ တွေ့ဆုံအားပေးမှုများ ပြုလုပ်လျက်ရှိပြီး ဒီဇင် ဘာ ၃ ရက် နံနက်က ရန်ကုန်မြို့ အမျိုးသားအားကစားရုံ ၁သုဝဏ္ဏတွင် ဆီးဂိမ်းပြိုင်ပွဲဝင် မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသားများကိုတွေ့ဆုံအားပေးခဲ့ခြင်းဖြစ်သည်။“ဆီးဂိမ်းကို အိမ်ရှင် အဖြစ် ကျင်းပတဲ့အချိန်မှာအောင်မြင်မှုရဖို့ တစ်နိုင်ငံလုံးက လိုလားတောင့်တနေကြပါတယ်။ အထူး သဖြင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက ဘောလုံးအားကစားကို ရွှေတံဆိပ်ရဖို့ကနံပါတ်တစ် အနေနဲ့မျှော်လင့်ထားကြတာပါ။ ကစားသမားတွေအနေနဲ့ က ဆီးဂိမ်းရွှေတံဆိပ်ရဖို့ကိုစည်းကမ်းတကျနဲ့ ကြိုးစားပြီး မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ မျှော်လင့်ချက်ကို ဖြည့်စည်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင် အောင်ကြိုးစားဖို့ တိုက်တွန်းပါတယ်” ဟု မန်မာ့လက်ရွေးစင် ယူ-၂၃ ကစားသမားများကို တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းကို လာမည့် နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲတွင်အောင်မြင်မှု ရရှိရန် အထူးပင် အားစိုက်ပြင်ဆင်မှုများ ပြုလုပ်ထားသည့် အသင်းဖြစ်သည်။ အဆိုပါ အသင်းကို ကိုရီးယားနာမည်ကြီး နည်းပြတစ်ဦး ဖြစ်သည့်ပတ်ဆောင်ဟွာနှင့် နှစ်နှစ်ကြာ လက်တွဲစေခဲ့ပြီး ပတ်ဆောင်ဟွာ၏ တောင်းဆိုချက်အရ ကိုရီးယား လူမျိုး လက်ထောက်နည်းပြ တစ်ဦးနှင့် ဂိုးနည်းပြ တစ်ဦးကိုလည်းခန့်အပ်ပေး ထားသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်း အုပ်စုခွဲဝေမှုအရ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ ထိုင်း၊ အရှေ့တီမော၊ ကမ္ဘောဒီးယား အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ အသင်း၏ အုပ်စုပွဲများ အားလုံးကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာအသင်းအနေ ဖြင့် အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ ၇ တွင် ကမ္ဘောဒီးယားအသင်းနှင့် စတင် ကစားရမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment