4.12.2013
ယင်းပွဲစဉ်များတွင် အသင်းက ထိုင်းအမျိုးသမီး အသင်းအား (၅၄၃ - ၃၇၅) မှတ်ဖြင့် အနိုင်ရရှိပြီး မြန်မာ နိုင်ငံအတွက် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး သောရွှေတံဆိပ်ဆုအား ရယူနိုင်ခဲ့သည်။ ထို့အပြင် အမျိုးသားပြိုင်ပွဲတွင်လည်း မြန်မာအသင်းသည် ထိုင်းအသင်းနှင့်ပင် ထပ်မံတွေ့ဆုံခဲ့ရာ (၆၆၀ - ၄၀၄)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် ရွှေတံဆိပ်အား ရယူနိုင်ခဲ့သည်။
ရိုးရာခြင်း ပြိုင်ပွဲ၏ အမျိုးသမီး ပွဲစဉ်များတွင် မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ကမ္ဘောဒီးယား အသင်းနှင့် မလေးရှား အသင်းတို့က ပူးတွဲတတိယ ဆုများ ရရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသားပြိုင်ပွဲတွင် မူ မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ လာအိုအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲတတိယဆု များ ရရှိခဲ့သည်။
Yangon Media Group

No comments:
Post a Comment