address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 16, 2013

အတ္ထ ရံတောင်ကို မိုင်းခွဲကျောက်ထုတ်နေခြင်းအား ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆို

16.12.2013

မွန်ပြည်နယ်ကျိုက်မရောမြို့နယ်ရှိအတ္ထရံတောင် ကို မိုင်းခွဲကျောက်ထုတ် နေခြင်းအား ရပ်ဆိုင်းပေးရန် ဒေ သခံများကော် မတီဖွဲ့ကာတောင်း ဆိုနေကြောင်း သိရသည်။

အဆိုပါအတ္ထရံတောင်ကို၂၀၀၂ခုနှစ်မှစ၍စတင်မိုင်းခွဲ ကျောက်ထုတ်နေခြင်းဖြစ်၍ ယင်း တောင်ခြေပတ်လည်တွင် ကျေး ရွာ ၁၂ရွာရှိကာ လယ်ယာမြေများ လည်းရှိကြောင်း ကျောက်မှုန်၊ ကျောက်စများကျဆင်းလာသော ကြောင့် လယ်များထိခိုက်ကြောင်း တောင်ပေါ်တွင် သာသနိကရှေး ဟောင်းဘုရား များ၊ အဆောက်အ အုံများလည်းရှိကြောင်း ဒေသခံ များပြောကြားချက်အရ သိရသည်။

အတ္ထရံတောင်နှင့် အနီးဆုံး ကျေးရွာဖြစ်သည့် မရမ်းကုန်းကျေး ရွာမှ ဦးစောချစ်ဝင်းက ''မိုင်းခွဲ တဲ့အတွက် ရွာတွေနဲ့နီးတယ်ဆို တော့ အန္တရာယ်များတာပေါ့။ ဖောက်ခွဲတဲ့အခါ ရေပူကန်တွေ၊ စမ်းရေတွေ ညစ်ညမ်းကုန်တယ်။ ပြီးတော့ အတ္ထရံတောင်ပေါ်မှာ ဆိုရင် ရှေးနှစ်ပေါင်းများစွာက ဘုရားတွေရှိတယ်''ဟု ပြောသည်။

ကော်မတီအဖွဲ့ဝင် ဦးစော သန်းကျော်ဦး က''နိုင်ငံတော်ရဲ့ခွင့် ပြုချက်နဲ့ သက်ဆိုင်ရာတွေ ကိုယ် တိုင်ကွင်းဆင်းလေ့လာပြီး လုပ်သင့် မလုပ်သင့်ကိုစစ်ဆေးပြီးမှ လိုင် စင်ချပေးရမှာ။ ဒါပေမဲ့ အခုက နားလည်မှုနဲ့လက်ဝါးချင်းရိုက် ပြီးလုပ်သလိုဖြစ်နေတယ်။ ဒေသ ခံတွေက ဖောက်ခွဲသံ၊ မိုင်းခွဲကျောက် တွေ လယ်ထဲကျတော့လယ်ထွန် ဖို့ အခက်အခဲဖြစ်နေတယ်''ဟု ပြောသည်။

အတ္ထရံတောင်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒေသ ခံများ အပါ အဝင် ကော်မတီတစ် ခုဖွဲ့စည်းထားကြောင်း၊ ယင်းကော် မတီသည် အတ္ထရံတောင်ကို မ ပျက်စီးရန်အတွက် အဓိကရည် ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်၍ ဒီဇင် ဘာ ၂၁ရက်နှင့် ၂၂ရက်တို့တွင် မိုင်းခွဲကျောက်ထုတ်မှုနှင့်ပတ်သက် ၍ အစည်းအဝေးပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ရပ်နားခြင်းမရှိပါ က ဆန္ဒထုတ်ဖော်သွားရန်လည်း ရှိကြောင်း သိရသည်။

YMG

No comments:

Post a Comment