11.12.2013
ဆီးဂိမ်းကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အဖွဲ့ဝင်သုံးယောက် လွှတ်လိုက်သည်ဟု သတင်းထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘားအံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များ တွေ့မှသာ ကေအိုင်အေဘက်မှ ဆွေးနွေးပြောဆို မည်ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဦးလမိုင် ဂွမ်ဂျာက မဇိ္ဈမသို့ ပြောဆိုသည်။
ဆီးဂိမ်းကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အဖွဲ့ဝင်သုံးယောက် လွှတ်လိုက်သည်ဟု သတင်းထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘားအံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များ တွေ့မှသာ ကေအိုင်အေဘက်မှ ဆွေးနွေးပြောဆို မည်ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဦးလမိုင် ဂွမ်ဂျာက မဇိ္ဈမသို့ ပြောဆိုသည်။
ကေအိုင်အေအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်သို့ ယခုချက်ချင်း ပြန်လည် တိုက်ရိုက် ချေပပြောဆိုမည်မဟုတ်ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
“ဒါက လူကြီးပိုင်းအချင်းချင်း တွေ့ဆုံမှသာ သေချာပြောဆိုရမယ့် ကိစ္စတွေပါ”ဟု ပြောသည်။
အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကာလအတွင်းတွင် ကေအိုင်အေအဖွဲ့ဝင်သုံးယောက်က အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ရန်ရှိသည်ဆိုသည်နှင့်ပတ်သက်၍ နေပြည်တော်မြို့မဈေး ဈေးတာဝန်ခံမှ ကေအိုင် အေအဖွဲ့ကဆိုသည့် အကြမ်းဖက်သမားသုံးဦးနှင့် ပတ်သက်သော အချက်အလက်တချို့ကို ရေးထား သည့် အသိပေးကြေညာချက်ကို ထုတ်ပြန်ထားသည်။
၎င်းအသိပေးကြေညာချက်နှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်မှ မိမိတို့သည် မြန် မာနိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံတော်အဆင့်ဖြင့် လုပ်ဆောင်နေသည့် ဆီးဂိမ်းအားကစားပြိုင်ပွဲအား မည်သည့်အနေအထားမျိုးမှဖြစ်စေ အကြမ်းဖက်မှုပြုလုပ်မည်မဟုတ်ဘဲ ယခု ဦးတည်သွားနေသည့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ကိစ္စများကိုလည်း အလေးအနက် ဆောင်ရွက်နေသည်ဟု ဆိုသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ်မတော်အနေဖြင့် အောက်တိုဘာကတည်း ကပင် အစိုးရတပ်ဘက်မှ သတင်းအတိအကျ အားရထားပြီး ဖြစ်သည်။
အစိုးရတပ်ဘက်အနေဖြင့် ထိုအကြမ်းဖက်သူများအား ကိုယ်ခန္ဓာတွင်အမှတ်အသားရှိသည်ကအစထုတ် ဖော်ပြောနိုင်ခြင်းရှိပြီး မဖမ်းဆီးနိုင်သည်မှာ လုံခြုံရေးအခြေအနေကြောင့်သာ ဖြစ်မည်ဟု Technical Team မှ ကိုဒေါင်ခါးကဆိုသည်။
၎င်းက ဆက်၍ “မိမိတို့ အဖွဲ့အစည်းအား ကောလာဟလ ထွက်စေရန် လုပ်ဆောင်ခြင်းသက်သက်သာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ကေအိုင်အေအနေဖြင့် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးဘဲ အစိုးရ၏ကမ်းလှမ်းမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲပင်ဖြစ်သည်။
ငြိမ်းချမ်းရေးသို့ ဦးတည်ကာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေဆဲကာလဖြစ်သဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့်ပတ်သက်သော ညှိနှိုင်းရန် ကိစ္စရပ်များအား လာမည့် ဘားအံဆွေးနွေးပွဲတွင် တွေ့ဆုံ ပြောဆိုသွားမည်ဖြစ်သဖြင့် ယခု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နာမည်ဖြင့် အကြမ်းဖက်ရန် လာရောက် ခြင်းဆိုသည့် အကြောင်းများကိုလည်း ခေါင်းဆောင်ပိုင်းချင်းတွေ့မှသာလျှင် ပြောဆိုသွားနိုင်ဖွယ်ရှိသည် ဟု ပြောဆိုခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ်အတွင်း အောက်တိုဘာလအတွင်းကလည်း မြို့ကြီးများ အချို့တွင် ပေါက်ကွဲစေသည့် လက်လုပ်မိုင်းပစ္စည်းများ၊ ချိန်ကိုက်ဗုံးအမျိုးအစားများ တွေ့ရှိခဲ့ခြင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပတ်သက်မှု များရှိခဲ့သည်ဟု သတင်းများ ထွက်ရှိခဲ့သည်။
Mizzima
No comments:
Post a Comment