address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, December 12, 2013
ဒီကေဘီအေ ကုန်သွယ်ရေးရုံး ရန်ကုန်တိုင်းအတွင်းဖွင့်
12.12.2013
နိုင်ငံတော်၏ ငြိမ်းချမ်းရေးလမ်းစဉ်အား အတိအကျယုံကြည်မှု တည်ဆောက်မှုအပေါ် အခြေခိုင်လာစေရန်အတွက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ယခင်ကလိုထူးဘောစစ်ဌာနချုပ် ကလိုထူးဝါး လက်အောက်ခံ (၉၀၇)တပ်ရင်း ၏ကုန်သွယ်ရေးရုံးကု
ိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် စံပယ်လမ်း၊ အမှတ်-၂၅၀/၂၆၁ ၌ ပထမဆုံး ရုံးစိုက်ရာနေရာအဖြစ် ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ (၉၀၇)တပ်ရင်း၏ ဆက်ဆံရေးတာဝန်ခံ တပ်မှူးစောသရဲမိုး(ခ)
စောဆန်းလင်းက " အခုလိုရန် ကုန် မှာ ကုန် သွယ်ရေးရုံးဖွင့်ရတယ်ဆိုတာ က ကုန်သွယ်ဖို့ အပြင် ကျွန်တော်တို့တပ်ရင်းက ရှိတဲ့သူတွေ မြို့ထဲရောက် လာရင် တည်းခိုခန်းတို့ဟိုတယ်တို့မှာတည
်းရင် နည်းနည်း အခက်အခဲရှိ တယ်။ ဟိုတယ်မှာတည်းရင်လည်း စရိတ် ကကြီးတယ်လေ။ ဒီရုံးမှာပဲဆိုရင် ငါးပိရည်တို့စရာလေး ရှိရင်လုံလောက်ပြီလေ။အဲဒီအတွက်အ
ဆင်ပြေအောင် ပါ။ အခုဆီးဂိမ်းကာလမှာလည်း လာပြီးကြည့်ချင်ကြတဲ့ ကျွန်တော်တို့ထဲက သူတွေလည်း အဆင်ပြေနိုင်မှာပါ။ ဒီမှာတည်းခိုကြရင် တာဝန်ရှိသူတွေကို အကြောင်းကြား သွားမှာပါ " ဟု ၎င်းက ကုန်သွယ်ရေးရုံး ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
ငြိမ်းချမ်းရေးလမ်းစဉ်များကို ဆောင်ရွက်နေစဉ် တပ်ဖွဲ့ဝင်အမည်ခံကာ မသမာသောလုပ်ဆောင်မှုများ အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ
နိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အ
စည်းများအကြား
နိုင်ငံရေးဆွေးနွေးမှုမှ တစ် ဆင့်တည် တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းရေးကို အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်းတို့ဖြင့် ဦးတည်ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပထမဆုံးရုံးစိုက် ရခြင်းမှာ နိုင်ငံတော် ငြိမ်းချမ်းရေးလမ်းစဉ်များအား အတိအကျ တည်ဆောက်မှုအပေါ် ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ြေ
ကာင်းဒီကေဘီအေ ကုန်သွယ်ရေးရုံး (ရန်ကုန်) မှ ဒုတိယတာဝန်ခံ
စောကောထူး (ခ) စောအောင်ကျော်စွာက ပြောကြားသည်။
စံတော်ချိန်
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment