25.12.2013
ယမန်နေ့ နံနက်၉နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၇)ရပ်ကွက်ရှိ ပင်လုံဆေးရုံအခန်းအမှတ် ၁၃ဝ၂ တွင် ဦးနှောက်နှင့် အာရုံကြောရောဂါကြောင့်ဆေးကုသမှုခံယူနေသော DKBA အဖွဲ့မှ
စောလား ပွယ်(ခ)ဗိုလ်နှုတ်ခမ်းမွှေးထံသို့ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နံနက် ၁၁နာရီတွင်လည်းကောင်း၊ ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူး ကြီးအောင်လွင်နှင့် Myanmar Peace Center မှ ဗိုလ်ကြီးစိုးမိုးအောင် တို့က နံနက် ၁၁ နာရီ မိနစ် ၅ဝတွင်လည်းကောင်း၊ ကရင်ပြည်နယ် တပ်ရင်း (၂၃၁) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဇော်မင်းအောင် က မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊Myanmar Peace Center မှဦးညိုအုန်းမြင့်က မွန်းလွဲ ၁နာရီတွင်လည်းကောင်း ကျန်းမာရေးအခြေအနေလာရောက်မေးမြန်း ခဲ့ကြောင်းသိရသည်။
The Union Daily

No comments:
Post a Comment