17.1.2014
“ဟိုမှာ အလုပ်ရှင်လည်း ခေါ်ထားပြီးသား၊ လုပ်ငန်းခွင်လည်း မှန်တယ်ဆိုရင် သွားပေါ့။ တရားဝင်ပိတ် တာတော့ မရှိဘူး။ ဘန်ကောက်ဖြတ်မယ့် သွားပို့ရမယ့် နေရာမျိုးဆိုရင်တော့ သူတို့ (ပြည်ပ အလုပ်အ ကိုင်အေဂျင်စီ) ဘာသာ ချင့်ချိန်ပေါ့။ သူတို့လည်း ဒီကြားထဲမှာ လွှတ်ဖို့ အသည်းအသန် လာတောင်းဆို တာမရှိဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဘန်ကောက်မြို့ရှိ အလုပ်သမားဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများမှာမူ ရပ်နားထားရလျက်ရှိသည် ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဒါရိုက်တာဦးစိန်ဋ္ဌေးက ဆိုသည်။
“လောလောဆယ်တော့ အဲ့ဒီဖြစ်တဲ့ဒေသမှာတော့ အလုပ်နားနေကြရတာပေါ့။ ဘန်ကောက်ထဲမှာရှိတဲ့ ၀န်ဆောင်မှုလုပ်ငန်း တော်တော်များများ အလုပ်တွေနားနေရတာပေါ့”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း ထိုင်းအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ဇန်န၀ါရီ ၁၃ ရက်ကတည်းက ဖြစ်ပေါ်လျက်ရှိ ရာ ဆန္ဒပြပွဲများတွင် ၀င်ရောက်ပါဝင်ခြင်းမပြုရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း ဇန်န၀ါ ရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
“ထိုင်းက ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့တော့  အလုပ်သမားတွေကို ဖိအားပေးပြီး ဒီထဲမှာမပါဝင်ခိုင်းဖို့တော့ မှာလိုက်တယ်။သံရုံးကထွက်ထားတဲ့စာလည်း ရှိတယ်လေ။ ထိုင်းအလုပ်သမားညွှန်ချုပ်ကိုလည်း ဒါလေး တွေကို ကြပ်မတ်ပေးဖို့ပြောလိုက်တယ်”ဟုလ ည်း ဦးမျိုးအောင်က ပြောသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မှုတွင် မြ၀တီ မဲဆောက်ရှိ တရားမ၀င် ဂိတ်ပေါင်း ၃၂ဂိတ်မှ အများစု သွားရောက်ကြပြီး ရွှေ့ပြောင်းသွားလာမှု အများဆုံးမှာ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် တို့ ဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေးအ တွက် ၂၀၀၃ ခုနှစ်မှ စတင်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံ MOU သဘောတူညီမှု လက်မှတ်ရေးထိုး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Mizzima
No comments:
Post a Comment