မြ၀တီ ၊ ဇန်န၀ါရီ ၂ ။ ။ ဘားအံ ငြိမ်းချမ်းရေးဆွေးနွေး ပွဲအပြီး တွင် တစ်နိုင်ငံလုံးအပစ်ရပ် ရေးကို ကြေညာသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌပြည်ထောင် စုဝန်ကြီးဦးအောင်မင်းကပြော
ကြားသည်။ဇန်နဝါရီ၁ရက်က မြဝတီ မြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာ ရှိ BGF ဌာနချုပ်၌ နယ်ခြား စောင့်တပ်ဖွဲ့(BGF)၊ ဗုဒ္ဓဘာ သာကရင်အမျိုးသားတပ်မ တော် (DKBA)၊ ကရင်အမျိုး သားလက်နက်ကိုင်တပ်ဖွဲ့ KNU/KNLA(PC) အဖွဲ့တို့ ပူးပေါင်းကျင်းပသော ကရင် နှစ်သစ်ကူးပွဲအပြီးတွင် မီဒီယာ များအား ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
လက်ရှိလုပ်ဆောင်နေ သော ငြိမ်းချမ်းရေး လုပ်ငန်း များ ၈ဝရာခိုင်နှုန်း ပြီးနေပြီဟု ပြည်ထောင်စုဝန်ကြီးက မီဒီ ယာများသို့ ပြောကြားချက်အား ကရင်လက်နက်ကိုင်ထိပ်သီး ခေါင်းဆောင်များနှင့်ပါတီများ က ထောက်ခံခဲ့ခြင်းမရှိဘဲ လွတ် လပ်စွာဆွေးနွေးမှုများနှင့်ပွင့် လင်းမြင်သာမှုများ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် လိုအပ်နေ သေးကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''ဘားအံဆွေး နွေးပွဲပြီးတာနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ကြေညာ ချက်ထုတ်ပြန်မယ်။ နောက် တစ်လအတွင်း ကြေညာချက် ကို အကောင်အထည်ဖော် မယ်''ဟု ကရင်နှစ်သစ်ကူးပွဲ၌ ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ရပ် ရေးအတွက် လိုင်ဇာမှာစတင် ဆွေးနွေးခဲ့ပြီး ဘားအံတွင် ကြေညာချက်ထုတ်မည်ဟု သဘောတူညီထားပြီး ကြားကာ လအတွင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေး ပွဲအများအပြား ပြုလုပ် ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းက ပြောသည်။
''ဒီဇင်ဘာ ၂၉ရက်က ချင်းမိုင်မှာ ဆွေးနွေးပွဲလုပ်တော့ ဦးနိုင်ဟံသာနဲ့ ဦးခွန်ဥက္ကာ တို့က ထွက်ပြောတာရှိတယ်။ ကျွန်တော်တို့ သဘောတူညီ ချက်ရရှိမှုက ၈ဝရာခိုင်နှုန်းရှိ နေပြီဆိုတာ။ ကျန်တာက ၂၀ ရာခိုင်နှုန်း ဆက်ဆွေးနွေးမယ်'' ဟု ကရင်နှစ်သစ်ကူးပွဲကို တက် ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီးက ပွဲအပြီးတွင် မီဒီယာ များကို ပြောသည်။
ချင်းမိုင်ဆွေးနွေးပွဲရလဒ် များကို KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ လာရောက် ကာ တစ်ဆင့်ရှင်းပြခြင်းဖြစ်ပြီး လိုင်ဇာသဘောတူညီချက် ဘား အံဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိ ရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''တိုင်းရင်းသား တွေအားလုံး သဘောတူရင် ဘားအံမှာ အစည်းအဝေးတစ် ခုလုပ်မယ်။ အစည်းအဝေးမှာ လက်မှတ်ထိုးတာမပါသေးပါ ဘူး။ ဘယ်နေ့မှာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ် ထိုးမယ်ဆိုတာကို အဲဒီဘား အံဆွေးနွေးပွဲက ကြေညာပါ့ မယ်။ အဲဒီ့နောက် တစ်လ လောက် ပြင်ဆင်ပြီးရင် တစ်နိုင် ငံလုံး အပစ်ရပ်ရေးလက်မှတ် ထိုးမှာပါ''ဟု ဦးအောင်မင်းက ပြောသည်။
လာမည့်ဇန်နဝါရီ၂ဝရက် တွင် KNU ဒေသတွင် အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက် သည့် ဆွေးနွေးပွဲကိုတိုင်းရင်း သားအဖွဲ့ သီးသန့်ဆွေးနွေး မည်ဖြစ်ပြီး ထိုပွဲရလဒ်များကို အစိုးရနဲ့ တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲတွင် တင်ပြဆွေး နွေးမည်ဖြစ်ကြောင်း KNU/KNLA စစ်ဦးစီးချုပ် ဦးစော ဂျော်နီက ပြောသည်။
ဘားအံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅၊ ၂၆၊ ၂ရရက်များ အတွင်း ပြုလုပ်နိုင်ရန်စီစဉ်နေ ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment