address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, January 4, 2014

လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ရန် ဥပဒေကြမ်းအလိုက် အစီရင်ခံစာများ ကြိုတင်ရေးဆွဲလျက်ရှိ

လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ရန် ဥပဒေကြမ်းများအလိုက် အစီရင်ခံစာများ ကြိုတင်ရေးဆွဲလျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ
အတွင်းရေးမှူး ဦးစောလှထွန်းက ဇန်န၀ါရီ ၃ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများ၌ ဥပဒေကြမ်းများကို အတည်ပြုနိုင်ရန် ဥပဒေကြမ်းများအလိုက် အစီရင်ခံစာများ တင်သွင်းသွားမည်ဟု ဦးစောလှထွန်းက ဆိုသည်။

“ဒီတစ်ခေါက်လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ဥပဒေကြမ်းတွေရှိတယ်။ အဲဒီဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီ အနေနဲ့ အစီရင်ခံစာတွေ ကြိုရေးမယ်။ အစီရင်ခံစာတွေ ကြိုရေးတဲ့အခါမှာ သက်ဆိုင်တဲ့ ကော်မတီတွေ၊ သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းသွားမှာပါ။ ဥပဒေကြမ်းတွေကို ဘယ်နေ့မှာ လွှတ်တော်ကိုတင်မယ်။ ဘယ်နေ့မှာ အစီရင်ခံစာတွေတင်မယ် ဆိုတာတွေ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှာပါ” ဟု ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးများကို ဒီဇင်ဘာ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ယခုလွှတ်တော်တွင် ဆွေးနွေးမည့် ဥပဒေကြမ်းများအနက် သူရဦးအောင်ကို တင်သွင်းမည့် ပုဒ်မ ၁၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ထူးခြားသည့်ဥပဒေ ဖြစ်ကြောင်းလည်း ဦးစောလှထွန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment